Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ရာမှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦး သတ်ဖြတ်ခံရ

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကေအဲန်ယူ-သထုံမြို့နယ် တပ်မဟာ ၁ နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးတင်ရှို့တဲ့ဖြစ်ဉ်မှာ မသန်စွမ်းတစ်ဦးအပါအဝင် ရွာသားသုံးဦးသတ်ဖြတ်ခံရတယ်လို့ ကေအဲန်ယူဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ ထုံးဘိုလေးကျေးရွာကို မီးတင်ရှို့ခဲ့ပြီး လူနေအိမ်(၆၁)လုံး မီးလောင်ပြာကျခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းလည်း မီးရှို့ခံခဲ့ရတယ်လို့ ကေအဲန်ယူ-သထုံမြို့နယ်က အတည်ပြုခဲ့တာပါ။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတဲ့သူတွေဟာ အသက်(၃၉)နှစ်အရွယ်ရှိတဲ့ မသန်စွမ်းသူတစ်ဦးဖြစ်တဲ့ စောဆာမူး၊ အသက်(၅၅)နှစ်အရွယ်ရှိတဲ့ စောမောင်လူပျိုနဲ့ သက်တော်(၅၄)နှစ်ရှိ ဦးပဉ္ဇင်း တီးထို့ပဝီးတို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်နယ်မြေထဲကို နယ်မြေကျူးကျော်ကာ ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို သတ်ဖြတ်တာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့စစ်ကောင်စီတပ်ဟာ တပ်မ(၄၄)နဲ့ တပ်မ(၂၂)လက်အောက်ခံတပ်တွေအပြင် BGF နဲ့ အခြားသောက်တပ်ရင်းလက်အောက်ခံတွေပါဝင်တယ်လို့ ကေအဲန်ယူဒူးသထူခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါစစ်ကောင်စီတပ်မ(၄၄)တပ်ဟာ စစ်ကြောင်းတစ်လျှောက် တွေ့သမျှလူတွေကို ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် ကော်ဟဲကျေးရွာက အသက်(၁၃)နှစ်အရွယ် ကျောင်းသားကလေးတစ်ဦးအပါအဝင် ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲစတဲ့ ကျေးရွာတွေက ရွာသား (၂၂)ဦးဟာ ဖမ်းဆီးခံခဲ့ရတာပါ။

သတင်း

ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

သတင်း

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။