Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခေါ်ယူထိန်းသိမ်းထားသော Non-CDM ဆရာ၊ ဆရာမခြောက်ဦးကို ကရင်နီပြည်ရဲ(KSP)ပြန်လွှတ်

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)
(ကရင်နီပြည်ရဲ(KSP)အမှတ် (၅)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေစဥ် ၊ ဓာတ်ပုံ - KSP)

အမှတ် (၅)နယ်မြေရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးနေသော Non-CDM ကျောင်းဆရာ၊ ဆရာမခြောက်ဦးအား ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ရဲအဖွဲ့(KSP)က ယနေ့(ဇူလိုင် ၄)အသိပေးထုတ်ပြန်သည်။

အဆိုပါ ဆရာ၊ ဆရာမခြောက်ဦးသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီ၏ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများတိုင်ကြားမှုအပေါ် ခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

KSPနှင့် အခြားအဖွဲ့အစည်းများသည် ပြည်နယ်အတွင်းရှိ ကလေးငယ်များ၏ ပညာရေးကို အလေးထားသဖြင့် စစ်ပွဲကာလအတွင်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ခွင့်ပြုချက်ရယူကြရန် ဖော်ပြသည်။

“ကျွန်တော်တို့က ကလေးတွေရဲ့ပညာရေးကိုလိုလားတယ်။ ပြီးတော့မှ အဲဒီကလေးတွေ ပညာသင်ကြားခွင့်ရဖို့ကို ရည်ရွယ်ပြီး ခုလိုဆုံးဖြတ်ချက်ချခဲ့တာပါ။ နောက်ပြီး ဆရာ၊ ဆရာမခြောက်ဦးကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်”ဟု KSP မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကလေးငယ်များ ပညာသင်ကြားခွင့်ရရှိနိုင်ရေး ပြည်သူ့အခြေပြုကျောင်းများ၊ ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ဆရာ၊ ဆရာမများလိုအပ်နေပြီး အဆိုပါကျောင်းများတွင် တတ်စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်သင်ကြားပေးကြရန် KSPက တိုက်တွန်းသည်။

ခေါ်ယူထိန်းသိမ်း၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော အထက်ပါ ဆရာ၊ ဆရာမခြောက်ဦးမှာ စစ်ကောင်စီထောက်တိုင် Non-CDM ကျောင်းဆရာ၊ ဆရာမများဖြစ်ပြီး ပြည်သူ့တိုင်ကြားချက်အရ အမှုမှန်ပေါ်ပေါက်ရန် ဇွန်လ ၂၄ ရက်တွင် ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။

သတင်း

သင်ကြားရေးဆရာ၊ ဆရာမများသာ သီးသန့်ခေါ်ယူထားသောကျောင်းများတွင် Kyaukpadaung Federal School နှင့် Power Of Education ကျောင်းများပါဝင်ပြီး မူ၊ လယ်၊ ထက် စသည့်အတန်းစဥ်အားလုံးအတွက် ခေါ်ယူထားသည်။

အတွေးအမြင်

အလားတူ စစ်တပ်ထုတ်ကုန်များကိုလည်းရောင်း ဝယ်ဖောက်ကားမှုကို ထိရောက်စွာတားမြစ်မည်ဟုလည်း သတိပေးထားသည်။