Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယခုစာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံပညာရေးစနစ်ကျင့်သုံးရန် ကရင်နီပြည်အစိုးရ အသိပေး

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။

(ကရင်နီဒေသတွင် ကြားကာလပညာရေးသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။ ဓါတ်ပုံ-နွေဦးဂုရုလေးများ)
(ကရင်နီဒေသတွင် ကြားကာလပညာရေးသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။ ဓါတ်ပုံ-နွေဦးဂုရုလေးများ)

ကရင်နီပြည်နယ်အတွင်းကြားကာလပညာရေးနှင့်ပတ်သက်ပြီး ယခု ၂၀၂၂-၂၀၂၃စာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံသုံးပညာရေးစနစ်ကျင်းသုံးရန်ကရင်နီပြည်နယ်အစိုးရ၊ပညာရေးဝန်ကြီးဌာနကအသိ​ပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂)ရက်စွဲဖြင့်ထုတ်ပြန်သောအ သိပေးထုတ်ပြန်ချက်အရ ဒေသအလိုက်ဖွင့်လှစ်သွားကြသည့် ကြားကာလ ပြည်သူအခြေ ပြု အခြေခံပညာရေးအတွက် ပညာ သင်နှစ်တစ်နှစ်တွင်Two Semesterဖြင့် ၂၀၂၂-၂၃ပညာသင်နှစ်မှစ၍ မိခင်ဘာသာ စကားအခြေ ပြု ဘာသာစကားစုံပညာရေးစနစ်(MTB-MLE) အသုံးပြုရန် ဖော်ပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျောင်းများဖွင့်လှစ်သင်ကြားပေးနေသော်လည်းကရင်နီပြည်(ကယား)မှ ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်မှာစစ်ကောင်စီဖွင့်သောကျောင်းများတွင် တက်ရောက်ခြင်းမရှိဘဲခိုင်မာစွာရပ်တည်ထားသည်ကိုတွေ့ရသည်ဟုဆိုသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပညာရေးကော်မတီ ထုတ်ပြန်ချက်အတိုင်း စဥ်ဆက်မပြတ်ပညာရေး ဆက် လက်သင်ယူခွင့်ရရန် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ကြားကာလ ပြည်သူအခြေပြုကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်ဟု ထုတ်ပြန် သည်။

ထို့အပြင် ကြားကာလပညာရေး၌ကျောင်းသားလူငယ်များ၏စိတ်ကူး၊ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်မားစေမှုကို ဦးစားပေးပြီး လေ့ လာသင်ယူနိုင်ရန် ရည်ရွယ်သည်ဟု ဖော်ပြ သည်။

ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။

ပုံမှန်ကျောင်းပညာရေးပြန်လည်ရရှိလာပါကလည်း ကျောင်းသားလူငယ်များအတွက် လွယ် ကူရိုးရှင်းသော အတန်းတင်ခြင်းစနစ်ကို ဆက် လက်အသိပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်က တစ်နှစ်ကျော်အတွင်း တိုက်ပွဲများ၌ ​လေကြောင်းတိုက်ခိုက်မှု ၁၃၇ကြိမ်ပြုလုပ်ခဲ့ကာ ဘာသာရေးအဆောက်အဦး ၂၂လုံးပျက်စီးခဲ့ရကြောင်းလည်း ဖော်ပြသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က မတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်း

နောက်နောင် ယခုကဲ့သို့ ထပ်မဖြစ်အောင်နှင့် အမှားနည်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ပြီး ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မည်သည့် UG အဖွဲ့အစည်းကိုမဆို တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။