Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလုပ်ငန်းလည်ပတ်ရေး ကူညီအားပေးနေသည့် Non-CDMဆရာ၊ ဆရာမ ​ခြောက်ဦးအား ခေါ်ယူစစ်ဆေးနေဟု KSPအသိပေး

အဆိုပါ Non-CDMဆရာ၊ဆရာမ ​ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။

KSP
KSP

အကြမ်းဖက်စစ်ကောင်စီ၏လုပ်ငန်းများလည်ပတ်ရာ တွင် ထောက်တိုင်တစ်ခုအဖြစ် ကူညီအားပေးလျှက်ရှိသော Non-CDM ကျောင်းဆရာ၊ဆရာမ ​ခြောက်ဦးအား ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကရင်နီရဲတပ်ဖွဲ့ (KSP)က အသိပေးသည်။

ကရင်နီပြည်ရဲ၊ အမှတ်(၅)ရဲစခန်းနယ်မြေတွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၏ ခွင့်ပြုချက် သို့မဟုတ် ဒေသခံများ၏ခွင့်ပြုချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီ၏ ညွန်ကြားမှုအောက်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျှက်ရှိကြောင်း ဒေသခံများမှတိုင်ကြားလာ၍ ယခုကဲ့သို့ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ Non-CDMဆရာ၊ဆရာမ ​ခြောက်ဦးကို ဇွန်လ ၂၄ရက်တွင် KSPအမှတ်(၅)ရဲစခန်းရှိ ကရင်နီပြည်ရဲများနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၁၂ရှိ တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်စစ်ဆေးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်သည်။

အဆိုပါ ဆရာဆရာမများအား စစ်ဆေးပေါ်ပေါက်ချက်များနှင့် စီရင်ချက်များချမှတ်ခြင်းတို့ကို ကရင်နီပြည်သူများအား အသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

သတင်း

လက်ရှိတွင် သက်ကြီးရွယ်အိုများသည် ဆိုးရွားသော ကျန်းမာရေး ပြဿနာနှင့် ရင်ဆိုင်နေရသည့်အပြင် ကလေးငယ်များ ကျောင်းဖွင့်ချိန်တွင် စစ်ဘေးကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ ကရင်လူမှုရေးရာအဖွဲ့က ထုတ်ပြန်သည်။

သတင်း

ဇွန်လ၂၄ရက်နံနက်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရွှေဘိုမြို့နယ် စောင်တန်းကျေးရွာနေ အရပ်သားပြည်သူ သုံးဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။