Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့ ကုန်ဆုံရွာတိုက်ပွဲ နှစ်ဖက်ကျဆုံးထိ့ခိုက်မှုရှိ

“ကျွန်တော်တို့သိသလောက် စခန်းသိမ်းခါနီးမှာရန်သူဘက်ကစစ်ကူရော လက်နက်ကြီးပစ်အား အဆမတန်သုံးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အ ကျအဆုံးရှိခဲ့တာပါ”ဟုကရင်နီဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ ​ပြောသည်။

​ရှေ့တန်းတစ်​နေရာမှKNDFB-03တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KNDF-B03
​ရှေ့တန်းတစ်​နေရာမှKNDFB-03တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KNDF-B03

●စခန်းသိမ်းခါးနီးတွင်စစ်​ကောင်စီတပ်မှ စစ်ကူများနှင့်လက်နက်ကြီးပစ်ကူ​ကြောင့်ပူး​ပေါင်းတပ်စခန်းမသိမ်းနိုင်ဘဲထိ့ခိုက်ကျဆုံးမှုရှိခဲ့

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို​ဒေသခံကာကွယ်​ရေးတပ်များကပူး​ပေါင်း၍တိုက်ခိုက်ရာ နှစ်ဖက်ကျဆုံးမှုများရှိ​ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင် ၄ ရက်) နံနက်အ​စောပိုင်းတွင်ဖယ်ခုံမြို့မြောက်ဘက်ရှိကုန်ဆုံရွာ တွင်စခန်းချထားသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF ၊ကရင်နီတပ်မတော် KA၊ဖယ်ခုံ PDF နှင့် ရှမ်း ပြည်နယ်တော်လှန်ရေးလူငယ်များအင်အားစု (SSRY)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

SSRY တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-NO1008
SSRY တပ်ဖွဲ့ဝင်တစ်ဦး ။ ဓါတ်ပုံ-NO1008

“ကျွန်တော်တို့သိသလောက် စခန်းသိမ်းခါနီးမှာရန်သူဘက်ကစစ်ကူရော လက်နက်ကြီးပစ်အား အဆမတန်သုံးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အ ကျအဆုံးရှိခဲ့တာပါ”ဟုကရင်နီဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ ​ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် တပ်ဖွဲ့ဝင်အချို့ ကျဆုံး မှုရှိသည်မှာ မှန်ကန် ပြီး အရေအတွက်နှင့် ထိခိုက်မှုကို မူ သက်ဆိုင်ရာ မိခင် တပ်ရင်းမှ ထုတ်ပြန်ပေးလိမ့်မည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးကအသိပေးသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် ​သေဆုံးထိ့ခိုက်မှု များချိန်တွင်အင်အား ၂၀၀ခန့် ဖြင့် စစ်ကူပေးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

“စစ်​​​တွေလည်း အ‌သေများတယ်။ ရပ်ကွက်ထဲမှာအလောင်းတွေ ကားနဲ့လိုက်ကောက်နေရတယ်။ ရွှေပြည်အေး စစ်ကြောင်းမှာလည်းစစ်​တွေ အကုန်နီးပါသေတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအခြေအနေ ကြောင့် ဖယ်ခုံ – ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန်လည်းပြည်သူလူထုအားကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း၃ကအသိပေးထားသည်။

ဇွန် ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်ကခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများစစ် ကြောင်း ထိုးဝင်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့်အတူ PNO ပြည်သူ့စစ်အဖွဲ့ကပူးပေါင်း၍ စစ်ရှောင်ပြည်သူများ၏နေအိမ်အဆောက်အဦးများကိုမီးရှို့ဖျက်ဆီးသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောကြားသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း KNDF ကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

ဇူလိုင် ၁ ရက်ကလည်းဖယ်ခုံမြို့၊ လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင် စီတပ်ကိုအလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ကဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ဇူလိုင် ၁ ရက်တွင်ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like