Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေများ၌ ဇွန်လအတွင်း တိုက်ပွဲ ၃၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀၀ ကျော်သေ

တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်အနက်စစ်ကောင်စီ နှင့် BGF တပ်များဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(ဇွန် ၂၆ ရက်ကစ၍ဖြစ်ပွား​နေ​သောဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်​သေဆုံး​နေသူများ၏ရုပ်အ​လောင်းများနှင့်စစ်ကူလာ​သောတပ်မ ၄၄ ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-Cobra Column/Karen History)
(ဇွန် ၂၆ ရက်ကစ၍ဖြစ်ပွား​နေ​သောဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်​သေဆုံး​နေသူများ၏ရုပ်အ​လောင်းများနှင့်စစ်ကူလာ​သောတပ်မ ၄၄ ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-Cobra Column/Karen History)

ပူးပေါင်းတပ်ဖွဲ့မှ ၁၇ဦး ကျဆုံးပြီး ၂၈ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဇွန်လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU နယ်မြေများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုး အသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်အနက်စစ်ကောင်စီ နှင့် BGF တပ်များဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

KNLA/KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ၁၇ ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဇွန်လကုန်ပိုင်းတွင် KNU တပ်မဟာ(၆)နယ်မြေ ဥကရစ်ထ ဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဇွန်လ ၂၇ရက်မှ ၃၀ရက်အထိ ၄ရက်တာကာလအတွင်း စစ်ကောင်စီတပ်က ဥကရစ်ထ ဒေသတိုက်ပွဲသို့ လေကြောင်း ပစ်ကူ (၉၄) ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပူးပေါင်းအဖွဲ့က ဇွန်လ၂၆ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ ဇူလိုင်လဆန်းအထိ တစ်ပတ်ခန့်ကြာသည်အထိ နေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

စစ်ကောင်စီတပ်နေရာယူထားတဲ့နေရာတွေရှိတာကြောင့် နေ့ဘက်တွေသွားလို့မရဘဲ ညဘက်တွေပဲ သွားလို့ရတောကြောင့် စစ်ဘေးရှောင်တွေဆီ အစားအစာ ဆေးဝါးပို့ဆောင်ဖို့ အရမ်းခက်ခဲတယ်လို့ ဆိုပါတယ်။

သတင်း

ဇူလိုင် ၃ ရက် နံနက် ၆ နာရီခန့်တွင် မင်းရွာ၌ ညအိပ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ နေအိမ်များအား ဒုတိယအကြိမ်ထံမံမီးရှို့ဖျက်ဆီးခဲ့ရာ Tiger King(တပ်ရင်း ၁၅)နှင့် မဟာမိတ် ၁၅ဖွဲ့မှ နံနက် ၈နာရီခွဲမှ နေ့လယ် ၁၂ နာရီခန့်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ် ပြန်သည်။

သတင်း

မင်းတပ် CDFသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို အထိနာအောင် အစောဆုံးတိုက်ခိုက်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး လက်ရှိအချိန်ထိ မင်းတပ်ဒေသ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ သည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။