Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ်

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

တမူးမြို့
တမူးမြို့

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက သေနတ်ဖြင့်ရက်ရက် စက်စက်ပစ်သတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် ယနေ့(ဇူလိုင် ၅ရက်) နေ့လည် ၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ပျုစောထီးတွေက ပစ်သတ်တာ။ စော်ဘွားရပ်ကွက်ဆိုတာ ပျုစောထီးကြီးစိုးတဲ့ ရပ်ကွက်။ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို တားဆီးတယ်။ ခက်ခက်ထန်ထန် စစ်တယ်။ အိန္ဒိယနှစ်ယောက်က မြန်မာစကားလည်း မပေါက်တော့ ဘယ်လိုပြဿနာဖြစ်တယ်တော့မသိဘူး။ ပစ်သတ်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးသည် တမူးနှင့် နယ်စပ်ကပ်လျက်ဖြစ်သော အန္ဒိယနိုင်ငံ မိုရေးမြို့မှ လာရောက်ကြခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်အတွက်တရားဝင်အထောက်အထား မတွေ့ရှိဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်လိုက်​ခြင်းဖြစ်ကြောင်း မြို့ခံများက အခိုင်အမာပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကို နှုတ်ဆိတ်နေသည့် အန္ဒိယအစိုးရအား မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်နေကြပြီး စစ်ကောင်စီကဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ကသတ်၍ နိုင်ငံသားနှစ်ဦးသေဆုံးမှုအတွက် မည်သို့တုန့်ပြန်မည်ကို စောင့်ကြည့်နေကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ဒါ့အပြင် စားသောက်ဆိုင် ဝန်ထမ်းတွေဟာ ဖောက်သည်တွေဆီက သီးသန့် မုန့်ဖိုး (Tip) တောင်းခံပိုင်ခွင့် မရှိတော့ကြောင်း စည်းမျဉ်းသစ်တွေမှာ ပြဋ္ဌာန်းထားပြီး Tipမပေးတဲ့ စားသုံးသူကို ပုံမှန် ဝန်ဆောင်မှု မပေးလို့လည်း မရပါဘူး။

သတင်း

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သတင်း

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

သတင်း

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။