Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်သူးလေတပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကော်သူးလေတပ်မတော်နေ့အခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဝိုင်းဝန်းကြိုးပမ်းမှု အောင်မြင်ပါစေကြောင်း ဖော်ပြခဲ့သည်။

ယနေ့ (ဇူလိုင် ၅ရက်)ကျရောက်သည့် (၇၃)နှစ်မြောက် ကော်သူးလေ တပ်မတော်နေ့ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၌ ပြုလုပ်ခဲ့သည်။၁၉၅၆ ခုနှစ်၊ ဇူလိုင်၅ရက်တွင် ယခင်ကော်သူးလေ လက်နက်ကိုင်တပ်ပေါင်းစု (Kawthoolei Armed Forces)ကို ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့် ကိုက်ညီသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army)အဖြစ် အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက်ခိုင်မာစွာဖြင့် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိရာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေဟု NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေထဲမှာ နယ်ခြားစောင့်တပ်(BGF)နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ ထိတွေ့ပစ်ခတ်မှုနေ့စဥ် ဖြစ်ပွားခဲ့တာပါ။

သတင်း

အခြေခံမီးသတ်သင်တန်း အပတ်စဉ် (၁)ကို ယခုနှစ် ဧပြီက ဖွင့်လှစ်ခဲ့၍ ယင်းသင်တန်းကို (၁၅)ရက်ကြာ သင်တန်းပေးခဲ့ပြီး ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၇) ရွာမှ ဒေသခံ တော်လှန်ပြည်သူ ၄၀ဦး တက်ရောက်ခဲ့သည်။

သတင်း

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။