Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထောင်တွင်းတရားရုံးကနေအပြန် စောင့်ဖမ်းတာကြောင့် မန္တလေးမှာရှေ့နေတွေ ရုံးချိန်သွားဖို့အခက်တွေ့နေ

အိုးဘိုထောင် တရားခွင်ကနေ အပြန် မှာ ဖမ်းခံရသူတွေ ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ပါဝင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှေ့နေ ၃ ဦး ထောင်တွင်းတရားရုံးကအပြန် ဖမ်းခံလိုက်ရပါသေးတယ်။

စစ်ကောင်စီတပ်သားများ
စစ်ကောင်စီတပ်သားများ

မန္တလေးမှာ ရှေ့နေတွေကိုပစ်မှတ်ထားဖမ်းဆီးနေပြီး အိုးဘိုထောင်တွင်းတရားရုံးကနေအပြန်မှာစောင့်ဖမ်းတာတွေကြောင့် ရုံးချိန်းသွားဖို့အတွက် ရှေ့နေတွေအခက်တွေ့နေတယ်လို့သိရပါတယ်။

စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းခံရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို မန္တလေးမှာ ဖမ်းဆီးတာတွေရှိခဲ့တာပါ။

အိုးဘိုထောင် တရားခွင်ကနေ အပြန် မှာ ဖမ်းခံရသူတွေ ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ပါဝင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှေ့နေ ၃ ဦး ထောင်တွင်းတရားရုံးကအပြန် ဖမ်းခံလိုက်ရပါသေးတယ်။

ဒီလို ပစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့် ရှေ့နေအချို့ တိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။

ဒါကြောင့် လတ်တလောအခြေအနေမှာ ထောင်တွင်းရုံးချိန်းကို မသွားရောက်နိုင်ဘဲ ခွင့်တိုင်တာမျိုးတွေရှိနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်းမှာတင် မန္တလေးမှာ ရှေ့နေ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းမိတဲ့သူတွေကို စစ်အုပ်စုဟာ PDF နဲ့ဆက်နွယ်တယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့ အမှုတပ်တာတွေလည်းလုပ်ဆောင်နေတာပါ။

လက်ရှိအချိန်ထိ မန္တလေးမှာ ဖမ်းခံရတဲ့ရှေ့နေ ဦးရေဟာ ၁၅ ဦးခန့်ရှိနေပါပြီ။

စစ်ကောင်စီဟာ ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးတရားစွဲဆိုရာမှာ အပြင်တရားရုံးကို မထုတ်ဘဲ ထောင်တွင်းမှာပဲ တရားရုံး လုပ်ကာ စစ်ဆေးအမိန့်ချနေတာပါ။

ရှေ့နေ အသိုင်းအဝိုင်းဆီက သိရတာကတော့ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးတွေဟာ တရားစီရင်သယောင်ဟန်ပြသာဖြစ်ပြီး အမှုရင်ဆိုင်ရသူအားလုံးနီးပါး လွတ်မြောက်တာမရှိဘဲ စွဲဆိုခံရတဲ့ ပုဒ်မရဲ့အမြင့်ဆုံးပြစ်ဒဏ်ကိုချလေ့ရှိတယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်တွေဆီ စစ်ကောင်စီက ပြောင်းရွှေ့တာမျိုးလုပ်ခဲ့တာရှိပါတယ်။

သတင်း

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။

သတင်း

အိုးဘိုးထောင်တွင်းတရားရုံးကနေ အပြန်မှာ ရှေ့နေတွေကို ဖမ်းဆီးတာမျိုးတွေအပြင် စစ်အုပ်စုဟာ ဥပဒေအကျိုးဆောင် ရုံး ကိုလည်း ဝင်ရောက်စီးနင်းဖမ်းဆီးတာမျိုးရှိပါသေးတယ်။