Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီး PDF စခန်းတစ်ခု စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခြင်းခံရ

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

Natogyi People Defence Force
Natogyi People Defence Force

မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အခြေစိုက် Natogyi People Defence Forceအဖွဲ့၏ စခန်းတစ်ခု အကြမ်းဖက်စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်းခြင်းခံခဲ့ရပြီး တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃ရက်က ဝင်ရောက်စီးနင်းခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ဆက်တိုက်ပစ်ခတ်နေသောကြောင့် စားဖိုမှူးအဖြစ် ကူညီပေးနေသည့် အမျိုးသားတစ်ဦး အဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီးPDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Natogyi People Defence Force
Natogyi People Defence Force

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

ထို့အပြင် NPDF အဖွဲ့သားများအနေဖြင့် တော်လှန်ရေး ပြီးဆုံးသည်အထိ ဆက်လက်ရပ်တည်‌နို င်ရေး ကျရာတာ၀န်ထမ်းဆောင်ရင်း တက်စွမ်းသမျှ ထောက်ပံ့ပေးကြပါရန် နွားထိုးကြီးPDF အဖွဲ့က အကူအညီ တောင်းခံသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Natogyi People Defence Force အဖွဲ့တာဝန်ရှိသူက “သူတို့ဘက်က အသေတစ်ယောက်မိတယ်ဆိုပြီး ဝါဒဖြန့်နေတာ။ အဖမ်းခံရတဲ့သူက စခန်းကို ပတ်ဝိုင်းတဲ့အချိန်မှာ တခြားထွက်ပေါက်တစ်ခုကနေ ထွက်သွားလိုက်တော့ သူနဲ့တည့်တည့်တိုးသလို ဖြစ်သွားတာ။ ခုချိန်ထိလည်း စစ်ကြောရေးမှာပဲရှိသေးတယ်။ ဖမ်းခံရတဲ့သူကလည်း အဖွဲ့ထဲကရယ်မဟုတ်ဘူး။ ကျွန်တော်တို့စခန်းတည်တဲ့နားမှာလာတာ။ လာတာတစ်ပတ်လောက်ပဲရှိသေးတယ်။ ကျွန်တော်တို့က အကူအညီတောင်းလို့ ထမင်းချက်လေးဘာလေး လာကူလုပ်ပေးရင်း အဖမ်းခံရတာ။”ဟု ပြောသည်။

နွားထိုးကြီး PDF အဖွဲ့သည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်ခုခံတော်လှန်နေသည့် ဒေသတွင်းအဖွဲ့တစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မတူပီ CDF အနေဖြင့် ဇွန်လ ၁၁ရက်ကလည်း မတူပီ -ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄)တပ်ရင်းဂိတ်ကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ MiG-29 တိုက်လေယာဉ် ကျူးကျော်မှုအပေါ် စိတ် မကောင်းဖြစ်မိပြီး မရည်ရွယ်ဘဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အနေဖြင့် တရားဝင်တောင်းပန်စာ ပေးပို့သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

သတင်း

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။