Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်း အဓိကလမ်းမကြီးတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေ ထိန်းချုပ်ထားနိုင်ပြီလို့ဆို

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ် ၊ကရင်နီ (ကယားပြည်နယ် ) ၊ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်မြောက်ပိုင်းတွေမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေရဲ့စိုးမိုးမှု တိုးပွားနေတယ်လို့သိရပါတယ်။

PDF တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစစ်ဆေးနေပုံ
PDF တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစစ်ဆေးနေပုံ

နယ်မြေစိုးမိုးမှုအနေနဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်း မြောက်ပိုင်းမှာရှိတဲ့ အဓိက လမ်းမကြီးတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို PDF တွေက စိုးမိုးထိန်းချုပ်နိုင်ပြီလို့ ဒီနေ့ဇွန်လ ၂၁ ရက်ညနေပိုင်းမှာကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်းက ကျေးရွာတွေရဲ့ ၈၀ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပြီလို့လည်း NUG သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဦးနေဘုန်းလတ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီလို စိုးမိုးထားတဲ့ လမ်းမကြီးတွေမှာ သွားလာနေတဲ့ ယာဉ်တွေကို လုံခြုံရေးအတွက် PDF တပ်ဖွဲ့တွေက စစ်ဆေးနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါသေးတယ်။

PDF တွေအနေနဲ့ အရင် ပြောက်ကျားစစ်ဆင်နွှဲရာကနေ လက်ရှိအချိန်မှာလိုအပ်ရင် တပ်ရင်းအလိုက် ရင်ဆိုင်တိုက်ပွဲဆင်နွှဲနိုင်တဲ့အနေအထားကိုရောက်လာပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာအသိပေးပါတယ်။

Public Service Announcement
Public Service Announcement

မန္တလေးတိုင်း မြောက်ပိုင်း ၊ တနင်္သာရီတိုင်းတွေမှာ PDF တွေရဲ့ လှုပ်ရှားမှုပိုမိုအားကောင်းလာပြီး ရန်ကုန်တိုင်း ၊ပဲခူးတိုင်း ၊ဧရာဝတီတိုင်း ၊နေပြည်တော်တို့မှာ မြို့ပြပြောက်ကျားတွေလှုပ်ရှားမှုတွေ ဆက်လက်ရှင်သန်နေ ဆဲလို့ပြောပါတယ်။

ပြည်နယ်တွေအနေနဲ့ ကချင်ပြည်နယ် ၊ကရင်နီ (ကယားပြည်နယ် ) ၊ ကရင်ပြည်နယ် ၊ချင်းပြည်နယ် ၊မွန်ပြည်နယ်မြောက်ပိုင်းတွေမှာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေရဲ့စိုးမိုးမှု တိုးပွားနေတယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နယ်မြေစိုးမိုးမှုအားကောင်းနေတယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာအသိပေးသွားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။

သတင်း

ဝင်ရောက်ဖမ်းဆီးမှုမတိုင်ခင်ကြိုတင်တိမ်းရှောင်သွားခြင်းကြောင့် ပျူခေါင်းဆောင်အမည်ခံမျိုးတင့်ဆိုသူသည်လက်နက်များနှင့် အတူထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

"မိုးညှင်းနဲ့ ကသာအထိုင်တပ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်တာ။ရန်သူ့အင်အားက ၂၀၀ ဝန်းကျင်လောက်ပါတယ်။မနေ့ ညကထိ တိုက်ပွဲ ဖြစ်ခဲ့တယ်"ဟု အင်းတော်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်ပွဲဖြစ်စဥ်များနှင့်ဆက်စပ်၍ လူထုနွေဦးသို့ ရှင်းပြ သည်။

သတင်း

KNLA/PDF ပူးပေါင်းတပ်အနေဖြင့် မကြာသေးမီကလည်း စစ်ကောင်စီတပ်၏ ခလရ (၇၃) တပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု ဆိုသည်။