Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင် – ပခုက္ကူလမ်းပိုင်းတွင် စစ်အုပ်စုစီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းခွဲတိုက်ခိုက်ရာ ပျူနှစ်ဦးသေ

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရေစကြို၊ မြိုင်နယ်များနှင့် နယ်ချင်းဆက်နေသော ပခုက္ကူမြို့နယ်တွင်လည်း စ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

(PKU N PDFအဖွဲ့ဝင် ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - PKU N PDF)
(PKU N PDFအဖွဲ့ဝင် ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - PKU N PDF)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ စီးနင်းလိုက်ပါလာသော ယာဥ်တစ်စီးအား မိုင်းခွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း PKU N PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၃ရက် နံနက် ၁၁နာရီ ၄၅မိနစ်က ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲ၍ ဂိတ်ဖွင့်စစ်ဆေးရေးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အရှေ့ချောက်ကန်ရွာမှ ပျူစောထီး နှစ်ဦးပါသည့် ယာဥ်တစ်စီးသည် မြိုင်ဘက်သို့ ထွက်လာခဲ့သည်။

PKU N PDFနှင့် Royal Defence Force PKU မှ သတင်းကြိုတင်ရရှိသဖြင့် လမ်းခုလတ်တစ်နေရာ၌စောင့်ဆိုင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး နှစ်ဦးမှာ နေရာတွင်ပင်သေဆုံးကြောင်း PKU N PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပခုက္ကူ – မြိုင်လမ်းပိုင်း အင်ပင်ကျေးရွာနှင့် ကုန်းတက်ကန်ကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ယာဥ်ပေါ်ပါအကြမ်းဖက်အုပ်စုသည် သေဆုံးရုပ်အလောင်းတစ်လောင်းအား ချန်ခဲ့ကာ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ညနေ၄နာရီခန့်တွင် ပခုက္ကူမြို့မှ ကားအဖြူတစ်စီးဖြင့် အင်အား (၅၀)ခန့်တင်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့သည်။

အခင်းဖြစ်နေရာအနီးမရောက်မီ အင်ပင်ကျေးရွာမှစ၍ ခြေလျင်စစ်ကြောင်းထိုးကာ ကျန်ရှိခဲ့သည့် ပျူစောထီး အလောင်းအား လာကောက်သွားပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ PDFရဲဘော်များအားလုံးလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု PKU N PDFက အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PKU N PDFအဖွဲ့ထဲ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရေစကြို၊ မြိုင်နယ်များနှင့် နယ်ချင်းဆက်နေသော ပခုက္ကူမြို့နယ်တွင်လည်း စ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်နေကြပြီး စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားကောင်းသည့်မြို့ဖြစ်ပြီး ဒေသခံများကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုနည်းမျိုးစုံ ကူညီပံ့ပိုး​ပေး​နေကြသည်။

သတင်း

အထက်ပါဖြစ်စဥ်အား ဗိုလ်တောက်ထွန်း MBTT၊ ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ (BNT)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ Chaung Oo King(CK)၊ Saw Bwar Gyi(MPDF)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။