Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ခဲယမ်းလျော့နည်းလာတဲ့အတွက် လူထုရဲ့အကူအညီလိုအပ်လာပြီလို့ Venom စစ်ကြောင်းမှူးပြော

ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါလေဒေသက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထကို ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။

Venom Special Force
Venom Special Force

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ဖို့ စခန်းသိမ်းတိုက်ပွဲပါဝင်ဆင်နွှဲနေတဲ့ KNDO အထူးကွန်မန်ဒို တပ်ရင်း ရဲ့ အထူးစစ်ကြောင်း Venom ဟာ လက်နက်ခဲယမ်း လျော့နည်းလာတာကြောင့် လူုထုဆီကအကူအညီလိုအပ်လာပြီလို့အဲဒီစစ်ကြောင်း ရဲ့စစ်ကြောင်းမှူးစောဝင်းမြင့်က အသိပေးလိုက်ပါတယ်။

စစ်ဆင်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်နေပြီး Venom စစ်ကြောင်းဟာ ပြောက်ကျားစစ်ဆင်ရေး၊ ကြားဖြတ်စစ်ဆင်ရေး၊ စခန်းသိမ်းစစ်ဆင်ရေး၊ အချိန်ပိုင်းစစ်ဆင်ရေး၊ ပြင်းထန်တဲ့ထိပ်တိုက်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့စစ်ကြောင်းမှူးက ပြောပါတယ်။

Venom Special Force
Venom Special Force

ဥကရစ်ထတိုက်ပွဲမှာတော့ တိုက်ပွဲရက်ကြာလာတာနဲ့အမျှ လက်နက်ခဲယမ်း လျော့နည်းလာတယ်လို့ဆိုပါတယ်။

ဒါကြောင့် Venon စစ်ကြောင်းနဲ့ စိတ်ချင်းတူ၊ ရည်ရွယ်ချက်ချင်းတူ၊ လမ်းချင်းတူတဲ့ ပြည်သူလူထုဆီကနေ အခုချိန်မှာ အကူအညီတွေအရမ်းလိုအပ်နေတာဖြစ်တယ်လို့ စစ်ကြောင်းမှူး စောဝင်းမြင့်ကဆိုပါတယ်။

“ကျနော်တို့ကို ကူညီတဲ့ပိုက်ဆံတွေက ကျနော်တို့ VENOM စစ်ကြောင်းအတွက် လက်နက်ခဲယမ်းတွေဖြစ်လာမယ် ကျည်ဆံတွေဖြစ်လာမယ်။၊ကျနော်တို့ လက်နက်ခဲယမ်း ဒီကျည်တွေနဲ့ပဲ ဒီအာဏာရှင်ကို အမြစ်ပြတ်ပြန်လည်ချေမှုန်းမယ်ပေ့ါနော်။ ကျနော်တို့ကို ကူညီချင်တယ်ဆိုရင်တော့ VENOM Page ကနေ တိုက်ရိုက်ဆက်သွယ်လို့ရတယ် ဆက်သွယ်လှူဒါန်းလို့ရတယ် “လို့ စစ်ကြောင်းမှူး စောဝင်းမြင့်ကပြောပါတယ်။

ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါလေဒေသက စစ်ကောင်စီရဲ့ စစ်ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထကို ဇွန်လ ၂၆ ရက်မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။

အဲဒီစခန်းဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာရှိပြီး မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် လမ်းဆုံနေရာမှာ တည်ဆောက် ထားပြီး စစ်ကောင်စီအတွက်အရေးပါတဲ့ စခန်းလည်းဖြစ်ပါတယ်။

ဒါကြောင့် စခန်းမကျဖို့အတွက် စစ်ကောင်စီဟာ လက်နက်ကြီးပစ်ကူ ၊လေကြောင်းပစ်ကူတွေ ပေးခဲ့တာကိုတွေ့ရပါတယ်။

တိုက်ပွဲဟာ ပြင်းထန်တဲ့အတွက် ၂ ဖက်အကျအဆုံးရှိခဲ့တယ်လို့လည်းသိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ပြည်သူလူထုလှူဒါန်းမှုများဖြင့် တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါသည်"ဟု ပုံတောင်TIGER. PDFက ထုတ်ပြန် အသိပေးထားသည်။

သတင်း

စစ်ဘေးရှောင်တွေအတွက် ယုံကြည်စွာကူညီပေးလျက်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း၊ ထပ်မံလိုအပ်လျက်ရှိတဲ့ အကူအညီတွေကိုလည်း ပေးအပ်နိုင်ပါတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ဒေသ အမှတ်(၁)၊ အနောက်ပိုင်းတိုင်းစစ်ဒေသရှိ ဂန့်ဂေါခရိုင်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ လက်သပ်မွေးမြူထားသော ပျူစောထီးအဖွဲ့များ အများအပြားရှိ‌နေကြောင်း ထုတ်ပြန်သည်။