Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်ရှိ စခတ(၁၀)တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီထပ်ရောက်နေ၍ ​ဒေသခံပြ​ည်သူများသတိပြုနေထိုင်ကြရန် မြို့နယ်(ပကဖ)သတိ​ပေး

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

အရာတော်နယ်
အရာတော်နယ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စခတ(၁၀)(စစ်ရေးအခြေခံလေ့ကျင့်ရေးတပ်)တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားရာနှင့်ချီထပ်ရောက်နေ၍ ​ဒေသခံပြ​ည်သူများသတိပြုနေထိုင်ကြရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၆ရက်)တွင် သတိပေးကြေညာသည်။

အရာတော်မြို့ အရှေ့ဘက် စခတ(၁၀)တပ်ရင်းအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားရာဂဏန်း ထပ်မံရောက်ရှိလာပြီး အင်အားဖြည့်တင်းထားကြောင်း၊ စစ်ကောင်စီက စခတ(၁၀)ကို အခြေပြုပြီး မြို့နယ်တွင်း ပုံမှန် ရွာစဉ်လှည့်၍ လူသတ်မီးရှို့လေ့ရှိသည့်အပြင် ယခု ထပ်မံရောက်ရှိလာသော တပ်အင်အားများနှင့်အတူ မြို့နယ်တွင်း ကျေးရွာများအား အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သဖြင့် အရာတော်မြို့နယ် ပြည်သူလူထုကလည်း မိမိတို့နှင့် မိမိရပ်ရွာ ဘေးကင်းလုံခြုံရေးအတွက် သတိပြုရမည့်အချက်များအား သိရှိစေရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

ထို့အပြင် ဒေသခံ တော်လှန်ရေးအင်အားစုများ၏ သတိပေးထုတ်ပြန်ကြေညာချက်များအား သိရှိသူက မသိရှိသေးသူများကို လက်ဆင့်ကမ်းအသိပေးပြောပြရင်း မိမိတို့ ကိုယ်တိုင်လည်း အပြည့်အဝ ပူးပေါင်းလိုက်နာပေးကြရန်၊ မိမိတို့၏ ရပ်ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပါကလည်း စစ်ဘေးရှောင်ပြည်သူအချင်းချင်း ဖေးမကူညီပေးကြရန် စသည့်အချက်များအား(အထူး) သတိပြုလိုက်နာပေးကြပါရန် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာခဲ့သည်။

အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး ကျေးရွာအများအပြားအား အကြမ်းဖက်ဖျက်ဆီးခံရခြင်း၊ ဒေသခံအများအပြား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

သတင်း

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က...

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မတူပီ CDFသည် ယနေ့နံနက်ပိုင်းကလည်း မတူပီ - လိုင်လင်းပီ မြို့ လမ်းပိုင်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။