Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ဖမ်းသွားသည့် ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်းကို သေဆုံးလျက်ပြန်တွေ့

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က ဖော်ပြထားပါတယ်။

ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်း
ဘီးလင်း NLDအမတ် ဦးကျော်မျိုးမင်း

ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း ကျဆုံးသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဖော်ပြထားသည်။

ဇွန်လ ၂၂ရက်က ဘီးလင်းမြို့နယ် ပေါ်ခီးရွာအနီး၌ ဦးကျော်မျိုးမင်း အပါအဝင် ၄ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦး သေဆုံးသွားပြီး ဦးကျော်မျိုးမင်ပါ သုံးဦးကို ဖမ်းဆီးသွားပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ တစ်ဦးအဖြစ်ထာဝရ ဦးညွတ်လိုက်ပါတယ် အစ်ကို။ ထောင်ထဲမှာတုန်းကလည်း အတူဖြတ်သန်းခဲ့ကြရတယ်။ ပါတီမှာလည်း တာဝန်ကိုယ်စီနဲ့ ဖြတ်သန်းခဲ့ကြတယ်။ တော်လှန် ရေးမှာလည်း ကိုယ်စီတာဝန်တွေနဲ့အတူဖြတ်သန်းခဲ့ကြတယ်။ အဆုံးထိ ဆက်ပြီး တာဝန်ကျေအောင်ဆက်ပြီး ထမ်းဆောင်ပါမယ် လို့ ထပ်လောင်း ပြောကြားပါတယ်။ နောက်ဆံမငင်ပဲ စိတ်ချယုံကြည်စွာနဲ့သန့်စင်‌တဲ့ စိတ်ထားနဲ့ လွတ်လပ်အေးချမ်းရာနေရာကို သင် သွားလိုရာ သွားနိုင်ပါပြီ။ ကိုကျော်မျိုးမင်း ကောင်းရာသုဂတိလားပါစေ”ဟု ဝန်ကြီး ဦးလွင်ကိုလတ်က ရေးသားထားသည်။

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

သတင်း

မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်​ကောင်စီတပ် မှသေဆုံးမှုအ​ရေအတွက်ကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။