Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေများ၌ ခြောက်လအတွင်း စစ်ကောင်စီတပ်သား ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း ထုတ်ပြန်

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

-KNUဘက်မှ ၈၀ ကျော်ကျဆုံးပြီး စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၇၀ ကျော်အသက်ဆုံးရှုံးရ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများ၌ ယခုနှစ် ၆ လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၆၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့မှ တပ်ဖွဲ့ဝင် ၂၂၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
(KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

KNUကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယခုနှစ် ၆လ အတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ် ၂၆၈၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ၊ BGF များဘက်မှ ၂၂၀၈ ဦး သေဆုံးပြီး ၁၅၄၅ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

တိုက်ပွဲများအတွင်း KNLA၊ KNDO တို့ဘက်မှ ၈၄ဦး ကျဆုံးကာ ၁၇၅ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

( KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)
(KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များက၆လအတွင်း စစ်​ကောင်စီစခန်းသိမ်းတိုက်ပွဲများနှင့်စစ်ကူများကိုတိုက်ခိုက်ပြီး​နောက်ရရှိ​သောလက်နက်ခဲယမ်းများထဲမှအချို့ ။ဓါတ်ပုံ-Cobra Column၊ Karen History)

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုများ နှင့် အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ ၇၂ ဦး အသက် သေဆုံးခဲ့ရပြီး ၁၅၅ ဦး တို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀၂၂ ပထမ ၆ လအတွင်းKNU နယ်​မြေတိုက်ပွဲအ​ခြေပြဇယား
၂၀၂၂ ပထမ ၆ လအတွင်းKNU နယ်​မြေတိုက်ပွဲအ​ခြေပြဇယား

တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၁)နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၃)ခရိုင် ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၂)ခရိုင် တောင်ငူခရိုင်တို့ ဖြစ်ပြီး တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။ တပ်မဟာ(၇) နယ်မြေ ဘားအံခရိုင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များလည်း KNU လက်အောက်ခံတပ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

သတင်း

မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်​ကောင်စီတပ် မှသေဆုံးမှုအ​ရေအတွက်ကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က...

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၂ရက် နံနက်က မင်းတပ်မြို့နယ် ချပ်ကျေးရွာနှင့် ဆွန်တောင်ကျေးရွာကို တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲခဲ့ရာ CDF ရဲဘော် သုံးဦး ကျဆုံးပြီး ပြည်သူလူထုများနှင့် ရဲဘော်များ စုစုပေါင်း ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။