Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းမှုများအမြစ်ဖြတ်ရန်အစွမ်းကုန်ကြိုးပမ်းမည်ဟုဆဲဗင်းဂျူလိုင်အရေးတော်ပုံနေ့သို့ NUGသဝဏ်လွှာပို့

NUG၏ သဝဏ်လွှာတွင် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြုကြောင်း ဖော်ပြခဲ့သည်။

ဇူလိုင် ၇ရက်သည် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ
ဇူလိုင် ၇ရက်သည် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသောစစ်အာဏာရှင်များအပြစ်ပေးအရေးယူခံရမှုကိုသေချာ​စေရန်လည်းရည်မှန်းထား

စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ကျရောက်သည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံနေ့ အခမ်းအနားများသို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

ယနေ့ ဇူလိုင် ၇ရက်သည် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့် မြောက်ပြီဖြစ်သည်။

NUG၏ သဝဏ်လွှာတွင် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြုကြောင်း ဖော်ပြခဲ့သည်။

၁၉၆၂ မတ်လ (၂) ရက်နေ့တွင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက လူထုတရားဝင်ရွေးကောက်ထားသော အစိုးရကို လက်နက်အားကိုးဖြင့်ဖြုတ်ချ၍ အာဏာသိမ်းယူ လိုက်ပြီးနောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ တက္ကသိုလ်ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက် တက္ကသိုလ်၏ အသက်ဝိဉာဉ် ဖြစ်သော လွတ်လပ်ငြိမ်းချမ်းမှုကို ကန့်သတ်ထိမ်းချုပ်လိုသည့် စစ်အာဏာရှင်၏လုပ်ရပ်ကို လက်မခံပဲ ကျောင်းသားထုတစ်ရပ်လုံးက အုံကြွဆန့်ကျင်ခဲ့ကြရာ စစ်အာဏာရှင်၏ လက်ပါးစေတပ်များက ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကိုသွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြသည်။

စစ်အာဏာရှင်များ၏ လက်နက်အားကိုး၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုသည့် ယုတ်ညံ့သောစိတ်နှင့် ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားပဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက် ချင်ကြသော ကျောင်းသားလူငယ်များ၏ လွတ်လပ်သော စိတ်တို့သည် ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြလျက်ရှိကြောင်း NUG၏ သဝဏ်လွှာ၌ ဖော်ပြသည်။

သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ပဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင် များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့်ဖြစ်၍ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့်၊ လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့်အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က သဝဏ်လွှာပေးပို့ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

သတင်း

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့သော်လည်း စစ်အာဏာရှင်အဆက်ဆက်သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သက်ပြနေကြောင်း NUG က ဖော်ပြသည်။

သတင်း

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

သတင်း

အထက်ပါ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုလိုလားသော နိုင်ငံရေးပါတီများအနေဖြင့် မင်းအောင်လှိုင်ပြင်ဆင်နေသည့် ၂၀၂၃ ရွေးကောက်ပွဲကို မပါဝင်ဘဲ ပြည်သူလူထု၏ဆန္ဒအတိုင်းရပ်တည်ရန်လိုအပ် ကြောင်း ပြောသည်။