Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသောလုံ့လအားစိုက်မှုတို့ကို များစွာဂုဏ်ယူလေးစားကြောင်း ဆဲဗင်းဂျူလိုင် သဝဏ်လွှာ၌ CRPHဖော်ပြ

လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

(7July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြရန် ကြွေးကြော်ဆန္ဒပြသည့် ရန်ကုန်သပိတ်ကို ယနေ့တွေ့ရစဥ်၊ ဓာတ်ပုံ - ဓာတ်ပုံ - ASU)
(7July စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြရန် ကြွေးကြော်ဆန္ဒပြသည့် ရန်ကုန်သပိတ်ကို ယနေ့တွေ့ရစဥ်၊ ဓာတ်ပုံ - ဓာတ်ပုံ - ASU)

နွေဦးတော်လှန်ရေးတွင် ကျောင်းသားလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသော လုံ့လအားစိုက်မှုတို့ကို များစွာဂုဏ်ယူလေးစားကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀)ပြည့်တွင် သဝဏ်လွှာ ပေးပို့ရာ ထည့်သွင်းထားခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အာဏာရှင်တို့သည် မသမာသော လုပ်ရပ်အမျိုးမျိုးဖြင့် တော်လှန်ရေး ပျက်ပြားစေရန် ကြိုးပမ်းနေစေကာမူ တိုင်းရင်းသား ပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပါဝင်ဆင်နွှဲသွားကြမည့် ကျောင်းသားလူငယ်တို့နှင့် မိမိတို့အားလုံး၏ ထပ်တူညီသော ဆန္ဒဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ယုံကြည်ချက်အပြည့် အဝဖြင့် ဆက်လက်ချီတက်ကြရန်လည်း CRPH က တိုက်တွန်းသည်။

စစ်အာဏာရှင်များက ၁၉၆၂ ဇူလိုင် ၇ရက်တွင် ကျောင်းသားလူငယ်များကို သွေးချောင်းစီးအောင် ဖြိုခွင်း သတ်ဖြတ်ခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်အပျက်သည် ယနေ့ဆိုလျှင် နှစ်ပေါင်း(၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထိုစဉ်ကလည်း စစ်တပ်သည် လက်နက်သုံး၍ အင်အားအလုံးအရင်းဖြင့် သွေးချောင်းစီးအောင် ဖြိုခွဲရာ ကျောင်းသားများ ရာချီသေဆုံးခဲ့ကြရပြီး ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ အဆောင်ကိုလည်း ဗုံးခွဲဖျက်စီးခဲ့သည်။

ထိုအချိန်မှစ၍ စစ်အစိုးရအဆက်ဆက်သည် ကျောင်းသားသမဂ္ဂများကို တရားဝင် ရပ်တည်ခွင့်မပေးဘဲ ကွယ်ပျောက်သွားစေရန် ကြိုးပမ်းခဲ့သည်။

သို့သော် မည်သို့ပင် ဖိနှိပ်ချုပ်ချယ်ပိတ်ပင်ခဲ့သော်လည်း ကျောင်းသားသမဂ္ဂများသည် ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီအရေး၊ပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားများ၏ အခွင့်အရေးအား ကာကွယ်နိုင်ရေးတို့အတွက် မတရားသော ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

လူသတ်‌‌ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ကျောင်းသားလူငယ်တို့သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG၏ သဝဏ်လွှာတွင် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြုကြောင်း ဖော်ပြခဲ့သည်။

သတင်း

ဒီကနေ ကျရောက်တဲ့ 7July နေ့နဲပတ်သက်ပြီး တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေက ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။

သတင်း

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

သတင်း

ကျောင်းသားများလုံခြုံရေးချိုးဖောက်ခံရသည့်အပေါ် Kaung Fou You(K4U)မှ တာဝန်ယူဖြေရှင်းပေးရေးအပါအဝင် အချက် (၄)ချက်အားအခြေခံပညာကျောင်းသားလူငယ်များအစည်း အရုံး(အ.က.လ ဗဟို)က ယနေ့(ဇူလိုင် ၄)တွင် တောင်းဆိုလိုက်သည်။