Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်သာယာတွင် ကုမ္ပဏီဝန်ထမ်းတစ်ဦး ပစ္စည်းလုအသတ်ခံရ

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)
(ကိုအာကာမိုးကိုကို၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ပို့ဆောင်စဥ်၊ ဓာတ်ပုံ - KHA)

ဖြည့်ဆည်းရေးစင်တာတာဝန်ခံ ကိုအာကာမိုးကိုကိုသည် ရုံးမှအပြန်ကားတံခါးဖွင့်တွင် ပစ္စည်းလုယူခံရသည့်အပြင် ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း Mercury Online Shopping Mall မှ ယနေ့(ဇူလိုင် ၇)အသိပေး ထုတ်ပြန် သည်။

ကိုအာကာမိုးကိုကိုသည် ယမန်နေ့ညနေပိုင်းက ရုံးကား(Suzuki Pickup) မောင်းနှင်၍ အိမ်ပြန်လာရာ မသမာသူနှစ်ဦးခန့်မှ ကားတံခါးဖွင့်တက်လာပြီး ပစ္စည်းလုရာ အသာတကြည်မပေးသဖြင့် ထိုးကြိတ်ရိုက်နှက် သတ်ဖြတ်သွားပြီး ကားရော လူပါ လှိုင်သာယာလမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားခဲ့သည်ဟု ဖော်ပြသည်။

ထိုဖြစ်စဥ်ကြောင့် ကိုအာကာမိုးကိုကိုထံမှ အိုင်ဖုန်း(၁၃)တစ်လုံး၊ ရုံးပစ္စည်း ASUS M4 13 DA လတ်တော့တစ်လုံးနှင့် ငွေကျပ်လေးသိန်း လုယူခြင်းခံလိုက်ရသည်ဟု ဆိုသည်။

“အမှုမှန်ပေါ်ပေါက်ပြီးကျူးလွန်သူများ အမြန်ဆုံးဖမ်းဆီးနိုင်ရေး သိရှိပါက သတင်းပေးနိုင်ပါရန်နှင့် အထက်ဖော်ပြပါပစ္စည်းများလာရောင်းချခဲ့ပါက ကူညီပြီးသတင်းပေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု Mercury Online Shopping က အသိပေးသည်။

လှိုင်သာယာမြို့နယ် လမ်းဘေးတစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ကိုအာကာမိုးကိုကိုမောင်းနှင်ခဲ့သည့်ယာဥ်ပေါ်တွင် ၎င်း၏ရုပ်အလောင်အပြင် ယင်အတွင်းပိုင်း၌ အဝတ်စုပ်နှင့် ကွမ်းတံတွေးများကိုတွေ့ရပြီး သေဆုံးသွားသူမှာ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းပြုလုပ်တတ်သူမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Mercury Online Shopping မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအာကာမိုးကိုကိုသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင် ၉ရက်တွင် ရေဝေးသုဿာန်၌ ဂူးသွင်းသဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

သတင်း

ဒေသခံနှင့်ပြည်သူလူထုကို ဘေးအန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဥ်ပေးရန် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းကြောင်း ​ဝမ်ပေါင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သတင်း

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။

သတင်း

NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။