Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတဝှမ်း​မေလကုန်အထိပြည်သူ ၁၈၇၅ ဦးသတ်ဖြတ်ခံရပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၃ ကြိမ်ရှိခဲ့

AAPPကတော့ သူတို့ရဲ့အစီရင်ခံဟာ ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်နေတာကိုတားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားပါတယ်။

ဓာတ်ပုံ − RFA
ဓာတ်ပုံ − RFA

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ​မေလ ၃၁ ရက်​နေ့အထိ့ ပြည်သူ ၁၈၇၅ဦးသတ်ဖြတ်ခံရပြီးအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဟာ ၁၃ ကြိမ် ရှိကြောင်း အခုလ ဇူလိုင်လမှာထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ​မေလ ၃၁ ရက်အထိ့အကြမ်းဖက်စစ်အုပ်စုက ကျုးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာသက်သေအထောက်အထားတွေကို AAPP က အစီရင်ခံစာထုတ်ပြန်ထားတာပါ။ ၂၀၂၂ ဇူလိုင် ၇ ရက်အထိ့ AAPP ပြုစုထားတဲ့စာရင်း​တွေအရစစ်​ကောင်စီကပြည်သူ
၂၀၆၃ ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။ဆက်သွယ်​ရေးအခက်အခဲ​ကြောင့်လူမသိ့သူမသိအသတ်ခံရတာ​တွေ၊စစ်​ကောင်စီကလျှိုဝှက်သတ်ဖြတ်သွားတာ​တွေလည်းရှိပြီး​တော့အမှန်တစ်ကယ်အသတ်ခံရတဲ့အ​ရေတွက်ကအခုထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ်။

နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ပစ်ခတ်သတ်ဖြတ်ခံရချိန်ကစပြီး သတ်ဖြတ်မှု ၁၈၇၅ ခုကို AAPP က စိစစ်အတည်ပြု မှတ်တမ်းရယူခဲ့တယ်လို့အစီရင်ခံစာထဲမှာဆိုထားပါတယ်။

အဲဒီလိုသတ်ဖြတ်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီ တပ်မ ၇၇ နဲ့ တပ်မ ၄၄ ဟာ ပါဝင်ပတ်သက်နေတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာတွေ့ရပါတယ်။

ကောက်ယူရရှိတဲ့အချက်အလက်တွေအရ ရက်စက်ပြင်းထန်တဲ့ ပစ်ခတ်မှုဖြစ်စဉ် ၁၃ ခုအတွင်းအရပ်သား ပြည်သူ ၃၃၇ ဦးသေဆုံးကာ ဒါဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်တယ်လို့ AAPP က ထောက်ပြထားပါတယ်။

အဲဒီလိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေဟာ သံချပ်ကာကားတွေ ၊စက်သေနတ်လို လက်နက်တွေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုတိုက်ခိုက်ခဲ့တာတွေ့ရတယ်လို့ AAPP ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။

စစ်ကောင်စီရဲ့တပ်မ ၆၆ ဟာ ခရစ်စမတ်မတိုင်ခင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုကျုးလွန်ခဲ့ပြီး ၊တပ်မ ၄၄ က ကနီမြို့နယ်မှာဖြတ် ၄ ဖြတ် စစ်ဆင်ရေးနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျုးလွန်ခဲ့ကြသူတွေဖြစ်တယ်လို့ အစီရင်ခံစာမှာထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

AAPPကတော့ သူတို့ရဲ့အစီရင်ခံဟာ ရာဇဝတ်မှုတွေကျုးလွန်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလွတ်နေတာကိုတားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားပါတယ်။

လူထုကိုတရားဝင်ကိုယ်စားပြုတဲ့ NUG အစိုးရဟာ လက်ရှိမှာ ပြည်တွင်းတရားရုံးတွေကို လွတ်လွတ်လပ်လပ် လုပ်ငန်းလည်ပတ်စေနိုင်တဲ့ အခြေအနေမရှိနေပေမယ့် ရောမစာချုပ် ရဲ့ပုဒ်မ ၁၂(၃) အရနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ စီရင်ပိုင်ခွင့်ကိုလက်ခံကြောင်းကြေညာထားတယ်လို့ AAPP အစီရင်ခံစာထဲမှာပြောထားပါတယ်။

ဒါကြောင့် ရောမစာချုပ်အရ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်တွေအနေနဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တာဖြစ်စေ ၊လက်အောက်ငယ်သားတွေ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဖြစ်စေ အားလုံးကို တာဝန်ခံကြရမယ်လို့ AAPP က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ထို့အပြင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများအနက် အိမ်ပေါင်း ၁၈၈ အိမ် ကူညီရန်ကျန်နေပြီး ပြည်သူများ၏ ကူညီလှူဒါန်းငွေများ စုဆောင်းကာဆက်လက် ကူညီမည်ဟုအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးအဖွဲ့များသည် ယခုအခါချောင်းခွရွာဘက်သို့ ဦးတည်​သွားနေပြီး ​ရေရှင်ရွာနှင့် ​ချောင်ခွရွာကြားတွင် ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။

သတင်း

ဒါ့အပြင် ရွာသားသုံးဦးရဲ့ အရိုးအစအနတွေကို မီးလောင်ထားတဲ့ လူနေအိမ်သုံးလုံးရဲ့ ပြာတွေထဲမှာတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ပြီးမှ မီးရှို့ထားတာလည်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ-သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။