Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြှောက်တပ်ရင်းမှ စစ်သားတစ်ဦး တကောင်း PDF ထံအလင်းဝင်

အထက်ပါ CDM တပ်သား မောင်ကောင်းညိမ်းသည် စစ်ကောင်စီတပ်တွင် ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းခဲ့သော အမြှောက်တပ်ရင်း (၃၈၄)မှာ မိုးမိတ်မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခုဖြစ်သည်။

(CDM ပြုလုပ်လာ​သော ​မောင်​ကောင်းညိမ်း။ ဓါတ်ပုံ-တ​ကောင်းPDF)
(CDM ပြုလုပ်လာ​သော ​မောင်​ကောင်းညိမ်း။ ဓါတ်ပုံ-တ​ကောင်းPDF)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမြှောက်တပ်ရင်းတစ်ခုမှ စစ်သားတစ်ဦး ပြည်သူ့ဘက်ပူးပေါင်းပြီး CDM ပြုလုပ်ကာ အလင်း ဝင်လာကြောင်း တကောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကယနေ့(ဇူလိုင် ၈)တွင်ထုတ်ပြန်သည်။

တကောင်း PDF ထံ CDM ပြုလုပ်လာသော တပ်သားမှာ မောင်ကောင်းညိမ်း ကိုယ်ပိုင်အ မှတ် (၄၇၈၆၁၁)ဖြစ်ပြီး အမတ (၃၈၄)မှဖြစ် ကြောင်း ဖော်ပြသည်။

“CDMပြုလုပ်ခဲ့သော ရဲဘော် မောင်ကောင်းညိမ်းအား တကောင်းမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းဖြစ်ချင်သော ဆန္ဒအရ ပြည်သူ့ရင်ခွင်သို့ပို့ဆောင်မည်ဖြစ်ပြီး လိုအပ်သည်များကို လုပ်ဆောင်ပေးမည်ဖြစ်သည်”ဟု အသိပေးသည်။

အဆိုပါ CDM တပ်သားနှင့်စပ်လျဥ်းပြီး တပ်ဖွဲ့တွင် လိုအပ်ချက်များစွာရှိသဖြင့် ဆုကြေးငွေများမထောက်ပံ့နိုင်သော်လည်း ထိုက်သင့်သည်များကို လုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။

“စစ်ကောင်စီ လက်အောက်ခံ စစ်သား/ရဲများ နောက်တစ်ကြိမ် ထပ်မံဝင်ရောက် CDM ပြုလုပ်ခဲ့ပါလျှင် ဆုကြေးငွေများပေးနိုင်ရန် အကောင်းဆုံးစီစဉ်ကြိုးစားသွားပါမည်”ဟု အသိပေးသည်။

ထို့ကြောင့် CDM ပြုလုပ်လိုသောစစ်ကောင်စီလက်အောက်ခံရဲနှင့် စစ်သားများကို နွေးထွေးစွာကြိုဆိုမည်ဖြစ်ပြီး အချိန်မီဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

“ကျွန်တော်တို့အဖွဲ့စီမှာ စစ်သား CDMဝင်တာ ဒီတစ်ခါပဲရှိ‌တယ်။ ဒါမျိုးဝင်စေချင်နေတာကြာပြီ။ သူကပထမဦးဆုံးပေါ့။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ အားရ၊ ကျေနပ်၊ ပီတိဖြစ်မိပါတယ်။ များများဝင်စေချင်တယ်။ ‌နွေးထွေးစွာကြိုဆိုပြီး သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတက်နိုင်သလောက်ဖြစ်ဆည်းပေးချင်တာ”ဟု တကောင်း PDF မှ နပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

အထက်ပါ CDM တပ်သား မောင်ကောင်းညိမ်းသည် စစ်ကောင်စီတပ်တွင် ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းနောက်ဆုံးတာဝန်ထမ်းခဲ့သော အမြှောက်တပ်ရင်း (၃၈၄)မှာ မိုးမိတ်မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်းတစ်ခုဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

"မိုင်းပေါက်ကွဲပြီး အထိနာသွားတော့ ထုံးစံအတိုင်း လူထုကို မဲတော့တာပဲ။ အရပ်သားတစ်ယောက်ကို ရိုက်နှက်ဖမ်းသွားတယ်"ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။