Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့အရေးကို ဖြေရှင်းဖို့ ဆေးစွမ်းကောင်းတော့ မရှိပါဘူး

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီ (နစက)ဟာ တကယ်လို့သာ အပစ်အခတ် ရပ်စဲမှုအတွက် သဘောတူညီခဲ့မယ်ဆိုရင် အတိုက်အခံအင်အားစုတချို့ကို လက်သင့်ခံသွားမယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသခဲ့တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ဆိုရင် တိကျတဲ့ သီးခြားသတ်မှတ်ချက်တွေကို ပြန်တောင်းဆိုထားပါတယ်။

ဓာတ်ပုံ-AFP
ဓာတ်ပုံ-AFP

အာဆီယံ အထူးကိုယ်စားလှယ်

■အာဆီယံကိုယ်စားလှယ်​ပြောဆိုချက်​အများစုဟာစစ်​ကောင်စီဝါဒဖြန့်ထားမှု​တွေကိုထင်ဟပ်​နေပါတယ်။ အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ အချက်သုံးချက်ဆိုတာဟာလည်း NUGရဲ့ မူဝါဒက ပြည်သူလူထုလိုလားတဲ့ စစ်​အာဏရှင်စနစ်ဖျက်သိမ်းအပြီးတိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုက​ရေးစီနိုင်ငံတည်​ထောင်ဖို့ဖြစ်တဲ့အတွက် လုံးဝဆန့်ကျင်​နေသလို NUG ယာယီသမ္မတဒူးဝါလရှီးလက မင်း​အောင်လှိုင်ဟာစကား​ပြောဖို့ပင်မတန်သူဖြစ်​ကြောင်း ယတိပြတ်​ပြောပြီးဖြစ်တဲ့အတွက် အလုပ်မဖြစ်နိုင်ပါဘူး။

ဇွန်လ ၂၉ရက်ကနေ ဇူလိုင် ၃ ရက်ထိ ကြာမြင့်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ အာဆီယံအထူးကိုယ်စား လှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက သူ့ရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ဟာ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အကျိုးဖြစ်ထွန်းမှု တစ်ခုခု၏ရှိစေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုရင် သူ့မှာလည်း ဆေးစွမ်းကောင်းတော့ မရှိဘူးလို့ ကြိုကြိုတင်တင်ကာကွယ်တဲ့ သဘောမျိုး မှတ်ချက်ပေးသွားပါသေးတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေအပြီး ဖနွမ်းဖတ်မြို့ကို ပြန်ရောက်လာချိန် ဇူလိုင် ၆ ရက်မှာ ဆော့ခွန်းက မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာသမားတွေကို အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ဂျာနယ်လစ်တွေ၊ သံတမန်ရေးရာ အရာရှိတွေနဲ့ တွေ့ချိန်မှာ ဆော့ခွန်းက သူ့ရဲ့ဒုတိယမြောက် မြန်မာခရီးစဉ်ဟာ အကျိုး ဖြစ်ထွန်းမှု တစ်ခုခုတော့ ရှိမှာပါလို့ ဆိုတယ်။

ဓာတ်ပုံ - cincds
ဓာတ်ပုံ – cincds

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီ (နစက)ဟာ တကယ်လို့သာ အပစ်အခတ် ရပ်စဲမှုအတွက် သဘောတူညီခဲ့မယ်ဆိုရင် အတိုက်အခံအင်အားစုတချို့ကို လက်သင့်ခံသွားမယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသခဲ့တယ်လို့ သူကပြောတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ဖို့ဆိုရင် တိကျတဲ့ သီးခြားသတ်မှတ်ချက်တွေကို ပြန်တောင်းဆိုထားပါတယ်။

စစ်ကောင်စီဖက်က အဓိက တောင်းဆိုတာကတော့ အတိုက်အခံ အင်အားစုတွေက သူတို့ရဲ့ သဘောထား ရပ်တည်ချက်တွေကို ပြောင်းလဲပစ်ပြီး ကြိုတင်သတ်မှတ်ချက် ၃ခုကို လိုက်နာရမယ် ဆိုတာပါပဲ။ ပထမအချက်က အစိုးရနဲ့ ပူးပေါင်းမယ်ဆိုရင် အစိုးရပျက်စီးရာ ပျက်စီးကြောင်း ကြံစည် လုပ်ဆောင်တာမျိုး မလုပ်ဖို့၊ ဒုတိယအချက်က အစိုးရကို အစားမထိုးဖို့နဲ့ နောက်ဆုံး တစ်ချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အခြေခံမူအဖြစ် သတ်မှတ်ဖို့တွေ ဖြစ်တယ်လို့ ဆော့ခွန်းက ပြောပါတယ်။ အဲဒီ သတ်မှတ်ချက်တွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ မင်းအောင်လှိုင်ကိုယ်တိုင် တင်ပြ တောင်းဆိုခဲ့တာလို့ ဆော့ခွန်းက ဆိုတယ်။ သူတို့နှစ်ယောက်ဟာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“အဲဒီလိုမျိုး ကြိုတင်သတ်မှတ် တောင်းဆိုမှုတွေ ရှိနေတယ် ဆိုရင်တောင်မှပဲ အနည်းဆုံးတော့ စေ့စပ် ညှိနှိုင်းမှုတွေ စတင်ဖို့ လမ်းဖွင့်ပေးနိုင်ခြေတွေ ရှိလာပြီလို့ ကျွန်တော်ထင်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် လမ်းကြောင်းပေါ်ကို ဘီးတွေ ပြန်ရောက်လာပြီဆိုရင် ရှေ့တိုးနိုင်အောင် ဆက်တွန်းကြရုံပါပဲ။ ဒါပေမဲ့ အခြေအနေတွေ အားလုံးက မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးအပေါ် မူတည်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ ဝင်ချင်သည်ဖြစ်စေ၊ မဝင်ချင်သည်ဖြစ်စေ ကျွန်တော်ခုနက ပြောခဲ့သလိုပဲ တံခါးကတော့ ဖွင့်ထားလိုက်ပါပြီ”လို့ ဆော့ခွန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဆော့ခွန်းက သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရှုထောင့်ပေါင်းစုံကနေ အကျယ် တဝင့် ရှင်းပြခဲ့ပြီး မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ အရေးကိစ္စတွေလည်း ပါဝင်ပါတယ်။ သူက မြန်မာပြည်သူအားလုံးကို ခွဲခြားသတ်မှတ်မှုမရှိဘဲ ကူညီထောက်ပံ့ပေးသင့်တယ်လို့လည်း နောက်ထပ် အခိုင်အမာ ဆိုပါတယ်။ ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ သူ့ရဲ့နောက်ဆုံး တောင်းဆိုမှုကိုလည်း စစ်ကောင်စီက ပယ်ချခဲ့ကြောင်း ဆော့ခွန်းက အတည်ပြုပါတယ်။ တရားဥပဒေဆိုင်ရာ အရေးကိစ္စတွေကြောင့် အခုလိုငြင်းဆန်တာလို့ စစ်ကောင်စီဖက်က အကြောင်းပြကြောင်း သူက ဆိုတယ်။

ဆော့ခွန်းဟာ သမ္မတကတော်ဟောင်းလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)ပါတီရဲ့ ဦးဆောင် ထူထောင်သူအဖွဲ့ဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့တောင်းဆိုမှုကိုလည်း စစ်ကောင်စီက ငြင်းဆိုခဲ့ကြောင်း ပြောပါတယ်။ ဒီတစ်ခါတော့ ဒေါ်စုစုလွင် ကျန်းမာရေးမကောင်းလို့ပါဆိုပြီး စစ်တပ်က အကြောင်းပြပြန်တယ်။

“အရပ်သားတွေကစုဖွဲ့ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဥပမာ ပြောရရင်တော့ ခေါင်းဖြတ်တာတွေ၊ ခြေလက် ဖြတ်တော်တာတွေအကြောင်း အစီရင်ခံထားတာတွေကို နစကက ကျွန်တော့်ဆီ ပြသပါတယ်။ နောက်ထပ် လူသတ်တာတွေ၊ ဗုံးထောင်တာတွေနဲ့ လုပ်ကြံတာတွေရောပေါ့။ ဒါတွေ ဆက်ဖြစ်နေမယ်ဆိုရင် လက်စားချေမှုတွေက သံသရာ လည်နေမှာပဲ”လို့ ဆော့ခွန်းက ပြောခဲ့ပြီး အတိုက်အခံ အင်အားစုတွေက ရွာလုံး ကျွတ် မီးရှို့ ဖျက်ဆီးတာတွေ အပါအဝင် အဆုံးစွန် အကြမ်းဖက်နေပါတယ်ဆိုတဲ့ စစ်ကောင်စီ အာဘော်တွေကိုလည်း ကိုးကားသွားပါသေးတယ်။

“အရပ်ဖက် တိုက်ခိုက်ရေး အဖွဲ့အစည်းတွေက နစကကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ဆရာမတွေကို သတ်ဖြတ်တာမျိုးတွေ လုပ်နေတာကိုလည်း ကျွန်တော်ရှုတ်ချပါတယ်။ ဒီကိစ္စမျိုးတွေက အမှန်တကယ် ဖြစ်ပွားနေတယ်လို့ ကျွန်တော့်ကို အသိပေးထားပါတယ်”လို့လည်း သူက ဆက်ပြောပါသေးတယ်။ ဒါပေမဲ့ နစကရဲ့ အပြောအဆိုတွေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သလို ဒီနေ့အထိလည်း မှန်ကန်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြတာတွေ မတွေ့ရပါဘူး။

ဆော့ခွန်းက မြန်မာနိုင်ငံက အတိုက်အခံ ခေါင်းဆောင်တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့ဆုံမှု အကြောင်းကိုလည်း ဆက်ပြောပါတယ်။ သူက စစ်ကောင်စီရဲ့ ပြိုင်ဘက်တွေ၊ အထူးသဖြင့် လက်နက်ကိုင် တော်လှန်မှုတွေဟာ ဆက်လက် ဖြစ်ပွားနေတဲ့ သွေးထွက်သံယို ကိစ္စတွေမှာ အနည်းဆုံး တစ်ပိုင်းတစ်စတော့ ပါဝင် ပတ်သက်ပြီး တာဝန်ရှိတယ်လို့လည်း သူက ကောက်ချက်ချလိုက်ပါသေးတယ်။ တော်လှန်ရေး အင်အားစုတွေက ပြည်သူပိုင် ပစ္စည်းတွေ ဖျက်ဆီးတာ၊ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အရပ်ဖက် ဝန်ထမ်းတွေကို သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ စစ်ကောင်စီ လေသံအတိုင်း သူက လိုက်ပြောခဲ့သလို အဲဒီ ဝန်ထမ်းတွေဟာ အကျပ်အတည်း ကာလထဲမှာ ကလေးတွေရဲ့ ပညာရေးနဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးတို့လို ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို တုံ့ပြန် ဖြည့်ဆည်းပေးနေတာလို့ ဆော့ခွန်းက ဆိုပါတယ်။

ပဋိပက္ခနဲ့ ဆက်နွှယ်နေသူအားလုံး ပါဝင်ဖြေရှင်းကြမှသာ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြေရှင်းဖို့ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးခဲ့တယ်။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်းတိုင်းကတော့ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ဒီကိစ္စက သူတို့ ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ နယ်မြေ အသီးသီးက လက်နက်မဲ့ ပြည်သူတွေကို ခြောက်လှန့်နေတယ်လို့ ပြောခဲ့ကြကြောင်းလည်း ဆော့ခွန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်နွှယ်ပါဝင်သူ အားလုံးက သဘောတူ လက်ခံနိုင်တဲ့ အဓိက အခြေခံ အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကို အသားပေးပြီး ငြိမ်းချမ်းရေးကို ရှာဖွေဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာပဲလို့လည်း သူက ကောက်ချက်ချခဲ့ပါတယ်။

“ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း တောင်းဆိုကြတာတွေကြောင့် ကျွန်တော် စိတ်လှုပ်ရှားမိသလို ပုဂ္ဂိုလ်ရေး ခံစားချက်အရ ပြောရရင် စိတ်အားလည်း တက်ကြွမိပါတယ်။ တစ်ဖက်မှာလည်း ဒီလို မျှော်လင့်ချက်မျိုးတွေကို တာဝန်ယူပေးဖို့ ဆိုတာက အာဆီယံရဲ့ အထူးကိုယ်စားလှယ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေတာကိုလည်း နားလည်ရပါမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကျွန်တော် ပြောခဲ့တာကတော့ အာဆီယံ ဆိုတာဟာ မြန်မာ့အရေး ပဋိပက္ခတွေမှာ ကြားဝင် စေ့စပ်ပေးသူ၊ ပံ့ပိုး ကူညီသူ အဆင့်သာဖြစ်ပြီး ညွှန်ကြားသူ၊ ထဲထဲဝင်ဝင် ဖြေရှင်းသူမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့သာ ဖြေရှင်းရမှာဖြစ်တယ် ဆိုတာပါပဲ”လို့လည်း ဆော့ခွန်းက ဆိုတယ်။

“ကျွန်တော့်ရဲ့ အာဆီယံ အထူးကိုယ်စားလှယ် တာဝန်က သက်တမ်း ၆လလောက်ပဲ ကျန်ပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ဆေးစွမ်းကောင်း မရှိဘူးလို့တော့ ပြောရမှာပါပဲ။ ကျွန်တော်က တန်ခိုးရှင် တစ်ယောက်လည်း မဟုတ်ဘူးလေ။ ရိုးရိုးသားသား ဝန်ခံရရင် ကျွန်တော်ရော၊ အာဆီယံပါ လုပ်နိုင်တာက ဘက်ပေါင်းစုံ လက်ခံနိုင်မယ့် စေ့စပ် ဆွေးနွေးမှုတွေ အကောင်အထည် ပေါ်လာအောင် အင်တိုက်အားတိုက် ကူညီပေးဖို့ပါပဲ”လို့ ဆော့ခွန်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်တာက မြန်မာနိုင်ငံက ပဋိပက္ခတွေ ရပ်တန့်စေဖို့နဲ့ ဆက်စပ် ပါဝင်သူတိုင်းက သူတို့ နိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုပြီး အရှိန်ကောင်းလာအောင် တွန်းအားပေးသလို ဖြစ်နေမှာကို သတိပေးနေဖို့ပါပဲ။ အဲဒီ ပြည်တွင်းစစ်ဟာ ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာ ပြည်သူတွေအတွက် ဝမ်းနည်း ကြေကွဲစရာတွေ ကြုံတွေ့စေပါလိမ့်မယ်”လို့လည်း သူက ပြောသွားပါတယ်။

ဆော့ခွန်းက အာဆီယံဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေနဲ့ ပတ်သက်ရင် တတ်နိုင်သမျှ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစား ကူညီ ဖြေရှင်းပေးမယ်လို့လည်း ဆိုပါ​သေးတယ်။ ဘယ်လို ဖိအားမျိုးတွေ ရှိနေပါစေ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကလည်း ဒီကိစ္စအတွက် စိတ်ထက်ထက်သန်သန် စူးစူးစိုက်စိုက် ဆက်ရှိကြမယ်လို့ အကောင်းမြင် မျှော်လင့်ကြောင်းလည်း သူက မှတ်ချက်ပေးသွားပါတယ်။

အာဆီယံကိုယ်စားလှယ်ဟာ စစ်​ကောင်စီ တွေ့ခွင့်ပြုသူ​တွေနဲ့သာ​တွေ့ဆုံသွားပြီး ၊စစ်​ကောင်စီကို​​တော်လှန်​နေတဲ့ ​တော်လှန်​ရေးအင်အားစု​တွေနဲ့ ​တွေ့ဆုံ​​ဆွေး​နွေးသွားတာ မရှိပါဘူး။ ဒါ့ကြောင့် သူရရှိတဲ့သူသိ့တဲ့အ​ခြေအ​နေအချက်

အလက်​​တွေဟာ တစ်ခြမ်းပဲ့ဖြစ်​နေပြီး​တော့ သူ​ပြောတာ​တွေက စစ်​ကောင်စီဝါဒဖြန့်တာ​တွေကို ထင်ဟပ်​နေတယ်လို့ နိုင်ငံ​ရေး​လေ့လာသူတစ်ဦးက​ပြောပါတယ်။ ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအ​ဝေးက မြန်မာ့ပြသာနာကို​ဖြေရှင်းဖို့ဘက်​ပေါင်းစုံက ပါဝင်သူ​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးအ​ဖြေရှာဖို့​ပြောထား​ပေမယ့် အာဆီယံကိုယ်စားလှယ် မြန်မာပြည်လာတဲ့ ၂ ​ခေါက်စလုံးဟာ ​တော်လှန်​ရေးအင်အားစု​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးတာမရှိဘဲ ပြသာနာ​ဖြေရှင်းဖို့လမ်းစကို​တောင်ရှာမရတဲ့အတွက် သူ့ခရီးစဥ်​တွေက ​အောင်မြင်တဲ့ခရီးစဥ်​တွေမဟုတ်ဘူးလို့ အထက်ပါနိုင်ငံ​ရေး​လေ့လာသူက​ ပြောပါတယ် ။

ဒါ့အပြင် က​မ္ဘောဒီယားနိုင်ငံခြား​ရေးဝန်ကြီးဟာ မင်း​အောင်လှိုင်ရဲ့ အချက်သုံးချက်ကို သယ်​ဆောင်လာ​ပေမယ့် အမျိုးသားညီညွတ်​ရေးအစိုးရ ယာယီသမ္မတဒူဝါလရှိလက အာဏာသိမ်း​ခေါင်း​ဆောင်က စကား​ပြောဖို့တန်သူမဟုတ်​ကြောင်း​ ပြတ်ပြတ်သားသား​ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖျက်သိမ်းပြီး​တော့ ပြည်သူလူထု မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းဆောင်မယ်လို့ အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခြင်းက အကျိုးမရှိနိုင်ကြောင်းကို သာမာန်အားဖြင့် အမျှော်အမြင်ရှိသူတိုင်းသိနိုင်ပြီး​တော့ မင်းအောင်လှိုင်နဲ့စကားပြောဆိုဖို့မတန်ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ​ပြောထားပါတယ်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ပြည်သူပါတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် မအောင်မြင်စရာ အကြောင်းတော့မရှိပါဘူး။ ကျနော်တို့ စစ်ရေးကိုလည်း အရမ်းဂရုစိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ပုဂ္ဂိုလ်တွေ ပြောတယ်ပေါ့ ၊ အာဏာရှင်ဆိုတာက အရှင်ထွက် မထွက်ပါဘူး ။ ခေါင်းအင်မတန်မာတယ်။ အသေထွက်ထွက်မှ ပြီးသွားမယ်ဆိုတာမျိုးလည်း ရှိတယ်။ သူတို့က ဘယ်တော့မှလည်း အရှုံးပေးမှာ မဟုတ်ဘူး။ အမှားကို ဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့ သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန်မြှင့်ရမယ်”လို့ ယာယီသမ္မတက ဧရာ၀တီ သတင်းဌာနနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားထားပါတယ်။

ကိုးကား-The Nation

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

သတင်း

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

သတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။