Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမြို့နယ် ရှားဒူးနှင့် စိုင်ဖြူရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၂၀ခန့် မီးလောင်ပြာကျ

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

(ရှားဒူးနှင့် စိုင်ဖြူကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ဓာတ်ပုံ-We Love Seik Phyu Group)
(ရှားဒူးနှင့် စိုင်ဖြူကျေးရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်။ဓာတ်ပုံ-We Love Seik Phyu Group)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးရာ နှစ်ရွာပေါင်းအိမ်ခြေ
၁၂၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(ဇူလိုင်၈ရက်) နံနက်ပိုင်းမှစတင်ကာ ရှားဒူးကျေးရွာနှင့် စိုင်ဖြူကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ရှားဒူးကျေးရွာတွင် နေအိမ် ၉၈လုံးနှင့် စိုင်ဖြူရွာရှိ နေအိမ်၂၁လုံး မီးရှို့ဖျက်ဆီးခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စိုင်ဖြူကျေးရွာမှ ကိုသန်းစိုးဝင်းနှင့် ကိုတင်မျိုးဝင်းဆိုသူ အမျိုးသားနှစ်ဦးလည်း ဖမ်းဆီးသွားကြောင်း၊ စစ်ကောင်စီတပ်သည် စိုင်ဖြူကျေးရွာရှိ ဆိုင်ကယ် ၃စီး၊TV ၂လုံး၊ အဲကွန်းတစ်လုံး ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် အင်အား ၅၀ခန့်ရှိပြီး လက်ရှိတွင် ဆိုက်ခမ်းရွာရှိ ရွှေကံ့ကော်ဘုရားတွင် တပ်စွဲထားကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

သတင်း

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။

သတင်း

"ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်"ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီ စစ်ကြောင်းသည် ပျံကျ​ကျေးရွာအား မီးရှို့ပြီး ကြခတ်​ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည်ဟု သိရသည်။