Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ထုတ်ပြန်

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ – ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column
ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်ဖွဲ့စည်းထားသည့် ကော်ဘရာစစ်ကြောင်း၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ – ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ပစ်ခတ်မှုကြောင့် ကော်ဘရာစစ်သည်များ ထိခိုက်ကျဆုံးမရှိကြောင်း၊ ကော်ဘရာ စစ်ကြောင်း၏လက်ရုံးတပ်ဖွဲ့များ ဖြစ်သော လက်နက်ကြီးစစ်သည်များ၊ ဒရုန်းစစ်သည်များမှ ပြန်လည် ခြေမှုန်းခဲ့ရာ ကားလမ်းမ တစ်လျှောက် သစ်တောများအတွင်း ပုန်းခိုနေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများထံ တိကျစွာတိုက်ရိုက်ထိမှန်ခဲ့ပြီး အများအပြား ထိခိုက် သေဆုံး‌နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လေးကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း တပ်စွဲရာတောင်ကုန်းများဆီသို့ ဇွန်လ ၂၉ရက်မှစ၍ စစ်ကြောင်းထိုး၍ ဝင်ရောက်ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂ရက်အတွင်း ညစဉ်လက်နက်ကြီး ပစ်ကူရယူပြီး ထိုးစစ်ဆင်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကော်ဘရာ စစ်ကြောင်းက ဖော်ပြထားသည်။ ဇူလိုင် ၆ရက် တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်သူ များပြားကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

သတင်း

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

သတင်း

တပ်မဟာ ၁ နယ်မြေ ဒူးသထူ( သထုံ) ခရိုင် ထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄၄၅ ဦးသေဆုံးကာ ၃၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သတင်း

၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။