Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲဘော်များအဖမ်းခံရသည့်အပြင် လုံခြုံရေးအိမ်များဝင်စီးခံရ၍ လက်နက်ပစ္စည်းများဆုံးရှုံးခဲ့ဟု DRM အသိပေး

“ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်”ဟု အသိပေးသည်။

DRM Rangers Mandalay – PDF
DRM Rangers Mandalay – PDF

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော DRM Rangers Mandalay – PDF မှ ရဲဘော်များ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့်အပြင် လုံခြုံရေးအိမ်(Save House) များ ဝင်စီးခံရ၍ လက်နက်နှင့်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း ယင်းအဖွဲ့က ယနေ့(ဇူလိုင် ၉) အသိပေးထုတ်ပြန်သည်။

ရဲဘော်များ အဖမ်းခံရပြီးနောက် တပ်ဖွဲ့ဝင်ရဲဘော်များ ယာယီခိုလှုံသည့် လုံခြုံရေးအိမ်များ ဆက်တိုက်ဆိုသလို စစ်ကောင်စီတပ်၏ ဝင်စီးခြင်းခံခဲ့ရသည်ဟု ဖော်ပြသည်။

“ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်”ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီကို အဆုံးတိုင်တွန်းလှန်နိုင်ရေး လက်နက်ခဲယမ်းများလိုအပ်နေ၍ မန္တလေးပြည်သူများမှ စုပေါင်းအင်အား၊ တူညီသောတွဲလက်များဖြင့် ဝိုင်းဝန်းဖြည့်ဆည်းပေးကြပါရန် ညှိုးငယ်စွာ အကူအညီတောင်းခံအပ်ပါသည်ဟု ဖော်ပြသည်။

၎င်းတို့အနေဖြင့် ရင်နင့်အောင်ခံစားခဲ့ရသော ပေးစပ်မှုများအတွက် ပြီးဆုံးတော့မည့် တော်လှန် ရေးကြီးကို အဆုံးထိဆက်လက်လျှောက်လှမ်းသွားမည်ဟု DRMက ကတိပြုထားသည်။

DRMမှ ပြောက်ကျားရဲဘော်များသည် ဇွန်လ ၂၇ရက်က ဖော်ဆောင်ခဲ့သော ပြင်ဦးလွင် – မန္တလေးလမ်း သမ္မတောရွာအနီး စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုအပြီး ယင်းနေညနေပိုင်းတွင် ရဲဘော်အချို့ စတင်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။

သတင်း

ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။

သတင်း

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

သတင်း

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။