Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းနယ် တောင်လက်ဒေသတွင် ပျူစောထီးအဖွဲ့ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

(မင်းကင်းဒေသတွင်း PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေး)
(မင်းကင်းဒေသတွင်း PDF ရဲဘော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မင်းကင်းနွေဦးတော်လှန်ရေး)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ယနေ့နံနက်ပိုင်းက ပျူစောထီးအဖွဲ့ ကင်းလှည့်ချိန် တိုက်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ပျူ နှစ်ဦးသေဆုံးကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က ဖော်ပြသည်။

ယနေ့ (ဇူလိုင် ၉ရက်) နံနက် ၇နာရီခွဲခန့်တွင် မင်းကင်းမြို့နယ် တောင်လက်ဒေသ၊ အထက်စသာဘက်သို့ ပျူ ခုနစ်ဦးကင်းလှည့်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

ထိုအချိန်တွင် MKPDF-2 ၊ တပ်ခွဲ(၂)မှ ကင်းသမားရဲဘော်က အဆက်မပြတ်ပစ်ခတ်ခဲ့ရာ ပျူ နှစ်ဦး သေဆုံးပြီး ၎င်းတို့အဖွဲ့ဘက်က ပြန်လည်မပစ်ခတ်နိုင်ဘဲ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇူလိုင်လ ၈ရက်)ကလည်း မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှပျူများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာရာ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)၊ တပ်ခွဲ(၂)တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးခဲ့သည်။

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်း

၎င်းတို့ မဟာမိတ်လေးဖွဲ့အနေဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့လိုအပ်သည့်အကူအညီများပေးကာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ယင်းမဟာမိတ်လေးဖွဲ့က ကတိပြုထားသည်။

သတင်း

ယမန်နေ့( ဇူလိုင် ၈ရက်)က မင်းကင်းမြို့နယ် တောင်လက်ဒေသရှိ အ‌ရှေ့ကူလဲရွာမှ ပျူများနှင့် စစ်ကောင်စီတပ်များသည် အထက်စသာရွာ ဘက်သို့စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။