Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်း၌ ရွှေလရောင်ခရီးသည်ယာဉ် တံတားဘေးချောက်အတွင်း ထိုးကျ၊ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ရန်ကုန် – မန္တလေး အမြန်လမ်း၌ ခရီးသည်ယာဉ်တစ်စီး တံတားဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ခရီးသည်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၀ရက် နံနက် ၆နာရီခန့်တွင် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၅/၂) အနီး၌ ရွှေလရောင် ခရီးသည်တင်ယာဉ်လိုင်းမှကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူညပ်နေကြောင်း သတင်းရရှိ၍ ဘောနတ်ကြီး ၊ဘောနီ ၊ ဘုရားကြီးနယ်မြေအမြန်လမ်းမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသူ ခရီးသည် ၁၁ဦးအနက် တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

“ကားဆရာအိပ်ငိုက်သွားတာတဲ့ဗျာ။စိတ်မကောင်းပါဘူးဗျာ ။ဖြေးဖြေးမောင်းကြပါ မိုးတွေလဲရွာနေပါတယ်ဗျာ ။”ဟု ခရီးသွားတစ်ဦးက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေးသားထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

News

ချောင်းထဲထိုးကျသည့်ဖြစ်စဥ်ကြောင့် အဆိုပါယာဥ်နှင့် လိုက်ပါလာသည့် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

News

မန္တလေးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းအမြန်လမ်းပေါ်ရှိ တံတားဦးမြို့နယ်အတွင်းမှ ကင်းဂိတ်တစ်ခုတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

News

တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းမှ ယာဉ်တစ်စီးမှာ အမြန်လမ်းဘေးမြောင်းထဲသို့ ကျသွားပြီး ယာဉ်နှင့် စကစ တပ် ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ပါသည်။ နောက်ဆက်တွဲထိခိုက်မှုစာရင်းကိုစုံစမ်းဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

News

"ဖြစ်တဲ့နေရာက တံတားဦးမြို့နယ်ထဲမှာပါတယ်ခင်ဗျ။ခေါင်းခန်းထဲက သုံးဦးထိတယ်။အနောက်ခန်းကတော့အလုံပိတ်ဆို တော့မသိရပါဘူး"ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။