Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးနယ်ရှိ (ပကဖ)စခန်းငယ်တစ်ကို စစ်ကောင်စီတပ် ရဟတ်ယာဥ်ငါးစီးအသုံးပြုတိုက်ခိုက်

စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်အချို့အားတွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်အချို့အားတွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရေဦးမြို့နယ် စည်သာမြေရှိ ပ.က.ဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်နှင့် သယ်ပို့ရဟတ်ယာဥ်များအသုံးပြုပြီး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ပ.က.ဖ (ရေဦး)က ယနေ့(ဇူလိုင် ၁၀)အသိပေး ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက် နံနက်ပိုင်းက စည်သာမြေရှိ ပ.က.ဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်မှ စစ်သုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး၊သယ်ပို့ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စခန်းငယ်တိုက်ခိုက်ခံရမှုတွင် လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊ သယ်ပို့ကား၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းခံခဲ့ရကြောင်း ပ.က.ဖ(ရေဦး)က အသိပေးသည်။

“ကျွန်တော်တို့ သတင်းတွေက ကျွန်တော်တို့အဖွဲ့တွေအတွက်၊ လုံခြုံရေးအတွက် အထူးဂရုစိုက် နေရတဲ့ကာလမှာမို့ ကျွန်တော်တို့ အသေးစိပ်ထုတ်ပြန်နိုင်ခြင်းနဲ့ မှတ်ချက်ပေးနိုင်ခြင်းမရှိသေးပါဘူး ခင်ဗျ”ဟု ပ.က.ဖ(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်းထိတွေ့တိုက်ပွဲတွင် ပ.က.ဖ(ရေဦး)မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

သတင်း

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

သတင်း

ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်​ကြေး​ကောက်ခြင်း၊ အတင်းအဓမ္မ​စေခိုင်းခြင်းများပြုလုပ်​သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်​ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်း​ဆောင်ရွက်သွားမည်ဟု ဗန်း​မောက် ပကဖ ကထုတ်ပြန်ထားသည်။