Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှုရှားပါးခြင်းတို့ကြောင့် ကရင်နီဒေသစစ်ရှောင်များ သေဆုံးမှုနှင့် ကလေးငယ်များ ဖျားနာမှုများနေ

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။

(ကရင်နီဒေသရှိ စစ်ဘေးရှောင်တစ်ဦး သေဆုံးသေဆုံးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - News Light in Karenni_2)
(ကရင်နီဒေသရှိ စစ်ဘေးရှောင်တစ်ဦး သေဆုံးသေဆုံးနေသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - News Light in Karenni_2)

ကရင်နီဒေသစစ်ရှောင်များအနေဖြင့် ဆေးဝါးရှားပါးမှု၊ ကျန်းမာရေးဝန်ဆောင်မှု မရှိသလောက် ရှားပါးမှုတို့ကြောင့် စစ်ရှောင်သေဆုံးမှုများနေပြီး ကလေးငယ်များ ဖျားနာမှုများနေကြောင်း ကရင်နီဒေသခံနှင့် အဖွဲ့အစည်းအချို့က အသိပေးသည်။

ကရင်နီပြည်အနောက်ကယန်းဒေသသို့ လာရောက်ခိုလှုံနေသည့် စစ်ရှောင်ပြည်သူများအနေဖြင့် ဆေးဝါးလိုအပ်ချက် နှင့် ဆေးဝါးကုသခွင့် အချိန်မီ မရရှိ၍ ယခုမိုးရာသီကာလ၌ သေဆုံးမှုမြင့်လာကြောင်း News Light in Karenni က ဖော်ပြသည်။

ဒေသအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုရှိ ကလေးသူငယ်နှင့်မိခင်တို့အားလုံးမှာလည်း ချောင်းဆိုးခြင်း ရင်ကျပ်ခြင်းနှင့်ဖျားနာဝေဒနာများ ခံစားနေကြရကြောင်း အသိပေးထားသည်။

ထိုသို့ဖြစ်ရခြင်း၏ အဓိကပြဿနာမှာ ဆေးဝါးရှားပါးခြင်း၊ ဆေးဝါးကုသမှုခံယူနိူင်မည့် ဆေးရုံနှင့် ဆေးပေးခန်းတို့နှင့် အလှမ်းဝေးလွန်းခြင်း၊ ရာသီဥတုအေးပြီး မိုးလုံလေလုံသော နေရာထိုင်ခင်းများမရှိခြင်း၊ သင့်တင့်မျှတသော အစားအစာအဟာရ မရရှိခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုမရှိသလောက်ရှားပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်ဘက်သို့ စစ်ရှောင်နေသည့် ဒေသခံတစ်ဦးကလည်း စစ်ရှောင်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးရုံဆေးခန်းစသည်တို့နှင့် လက်လှမ်းမမီခြင်းအပြင် စစ်ရေးအခြေအနေများကြောင့် တစ်နေရာနှင့် တစ်နေရာသို့ သွားလာရန်ပင်မလွယ်ကူကြောင်း ပြောကြားသည်။

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။

“လွိုင်ကော်ကတော့ WFPက ရိက္ခာတွေဘာတွေ ထုတ်ပေးတယ်ကြားတယ်။ တကယ့်ကယန်းဒေသ မိုးဗြဲအနောက်ဘက် ဖယ်ခုံအနောက်ဘက်က စစ်ရှောင်တွေမှာ မရဘူးလို့ ကြားတယ်။ ဒီးမော့ဆို ဖရူဆို တကယ့် စစ်ရှောင်နေရတဲ့နေရာတွေ မရောက်ဘူးဖြစ်နေတယ်။ နန်းဖဲ ၊ ဘောလခဲရဲ့ အနောက်ကြောတွေ အဲဒီမှာမရောက်ဘူး။ မရောက်တဲ့အပြင် ပထမက သောက်ရေအခက်အခဲတောင်ရှိတယ် အခုတော့ မိုးရွာတော့ နည်းနည်းအဆင်ပြေတယ်။ ဆေးဝါး အကူအညီကိစ္စနဲ့ စားရေးသောက်ရေးကတော့ခက်နေဆဲပဲ။”ဟု ဒေသခံစစ်ရှောင်က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မြ၀တီမြို့နယ် ဖလူးဒေသရှိ စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်မှ ၉ရက်အတွင်း ဟောင်ဝစ်ဇာ တောင်ပေါ်ပစ်အမြှောက်လက်နက်များ အသုံးပြု၍ မြဝတီ - ဝေါ်လေ ကားလမ်းမတစ်လျောက်အား ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်း

တပ်မဟာ ၁ နယ်မြေ ဒူးသထူ( သထုံ) ခရိုင် ထဲမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၄၄၅ ဦးသေဆုံးကာ ၃၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

သတင်း

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။