Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ဖြုတ်ချရေးတွင်ပါဝင်ကြသည့် အစ္စလာမ်ဘာသာဝင်များအား လေးစားဂုဏ်ပြုကြောင်း NUGက ကုရ်ဗာနီအီးဒ်နေ့သို့ သဝဏ်လွှာပေးပို့ပြောကြား

တရားမျှတမှုမတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်သောကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် အားလုံး၌ တာဝန်ရှိသည်ဟု NUGက ဆို သည်။

NUG
NUG

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အစ္စလာမ်ဘာသာဝင်များ၏ အီဒွလ်အဿွ်ဟာ (ကုရ်ဗာနီအီးဒ်) နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတွင် စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြခဲ့သည်။

ယနေ့ (ဇူလိုင် ၁၀ရက်)သည် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်သည်။

ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း NUGက သဝဏ်လွှာပေးပို့ ဆုတောင်းပေးသည်။

NUG
NUG

အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်၏သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်၏အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

တရားမျှတမှုမတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်သောကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် အားလုံး၌ တာဝန်ရှိသည်ဟု NUGက ဆို သည်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှုရရှိနိုင်မည် မဟုတ်သောကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဟု NUG၏သဝဏ်လွှာ၌ ပါရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

သတင်း

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။

သတင်း

NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။