Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်တာဝန်ရှိသူအားလုံးကို အရေးယူရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံကြိုဆို

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။

စစ်အုပ်စုအဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - cincds
စစ်အုပ်စုအဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - cincds

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် တာဝန်ရှိသူ အားလုံးကို အရေးယူရန်နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့လွှဲပြောင်းရန် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို NUG က ထောက်ခံကြိုဆိုလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၀)ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ် ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ခံ ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် သမိုင်းဝင်ချန်လှပ်ထားခဲ့သည့် ခွဲခြားဆက်ဆံသော မူဝါဒများ၊ အလေ့အထများနှင့် ကတိကဝတ်များက ရက်စက်ကြမ်းကြုတ်မှု များ ဖြစ်ပေါ်လာစေသော အခြေခံအုတ်မြစ်ဖြစ်ခဲ့ခြင်းကို ရှက်ရွံ့ဖွယ်ရာကိစ္စကြီးတစ်ခုအဖြစ် NUG က မှတ်ယူကြောင်း ဖော်ပြသည်။

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြ သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူတို့ တင်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့်ရာဇဝတ်မှုများ(Crimes against Humanity)နှင့် စစ်ရာဇဝတ်မှုများ(War Crimes)များ ကျူးလွန်နေကြောင်း NUG က ထပ်လောင်းပြောသည်။

NUG သည် ဆုံးဖြတ်ချက်ပါ တိုက်တွန်းချက်များဖြစ်သည့် အများပါဝင်နိုင်မှု၊ လူ့အခွင့်အရေးများ နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံး၏ ဂုဏ်သိက္ခာရှိမှုများအတွက် မြှင့်တင်ဆောင် ရွက်ရန်၊ ခွဲခြားဆက်ဆံမှုများနှင့် မုန်းတီးမှုများ ပျံ့နှံ့နေခြင်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများအားလုံးအပေါ် အမုန်းပွားစေသော အမုန်းစကားများ ကို တားဆီးတိုက်ဖျက်ရန်တို့ကို သဘောတူလက်ခံသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အနေဖြင့်လည်း ၂၀၁၅ အမျိုး ဘာသာကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားဥပဒေများအပါအဝင် ခွဲခြား ဆက်ဆံသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် (သို့မဟုတ်) ဖျက်သိမ်းရန် အတွက် လိုအပ်သော အဆင့်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သို့သော် ကုလလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာပြည်သူများ၏ ပြတ်သားသောထောက်ခံမှုများနှင့် ဒီမိုကရေစီမျှော်မှန်းချက်များကို သိသာစွာဖော်ပြထားခြင်းမရှိကြောင်း NUG က ထုတ်ပြန်သည်။

ထို့အတွက် လူ့အခွင့်အရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ မျှော်မှန်းချက်များကို တရားဝင်ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက် ချိတ်ဆက်၍ ဆုံးဖြတ်ချက်တွင် ပါရှိသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပံ့ပိုးပေးသင့်ကြောင်း တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

ဆောင်းပါး

မြန်မာ စစ်တပ်ဖက်မှာကျတော့ ဘာတိုးတက်မှုမှ မရှိတဲ့အပြင် ခေတ်နောက်ပြန်ဆွဲပြီး ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းမျိုးတွေကိုပဲ သုံးစွဲနေခဲ့တယ်။ လူနေ ဧရိယာတွေကို ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်တယ်။ နိုင်ငံ အနှံ့မှာ မြို့ရွာတွေကို မီးတင်ရှို့ခဲ့တယ်။

သတင်း

NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကြိုတင်သတ်မှတ်ချက်များဖြင့် ဆွေးနွေးရန် စကားခေါ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆွေးနွေးမည်ကို ပြည်သူလူထုအနေ ဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။