Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး MUFLကျောင်းတပ်စွဲထားသော စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးရှိနိုင်

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

(ဇွန်လအတွင်း ဗုံးပစ်တိုက်ခိုက်မှုတွင် MUFL ကျောင်းဝင်းရှိ ဆိုင်ကယ်ရပ်နားသည့်နေရာမှ အမိုးကုန်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ - CJ)
(ဇွန်လအတွင်း ဗုံးပစ်တိုက်ခိုက်မှုတွင် MUFL ကျောင်းဝင်းရှိ ဆိုင်ကယ်ရပ်နားသည့်နေရာမှ အမိုးကုန်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ နိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Power(Mandalay)က အသိပေးထုတ်ပြန် သည်။

ယမန်နေ့(ဇူလိုင် ၁၀)ညနေ ၅ နာရီခွဲခန့်က မန္တလေးမြို့ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ MUFL ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို GZP (Mandalay)မှ ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

“စကစကို ထောက်ခံအားပေးလက်တွဲနေတဲ့ လူပုဂ္ဂိုလ်၊ လုပ်ငန်း၊ အဖွဲ့အစည်းစတဲ့ ဘယ်အရာမဆို ရသမျှနည်းနဲ့တိုက်ထုတ်သွားနေတာ ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်မှုတွေကို လုပ် ဆောင်နေတာပါ။ စကစ မပြုတ်သရွေ့ တိုက်ထုတ်နေမှာပါပဲ”ဟု GZP (Mandalay)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

အထက်ပါ MUFL ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ ယခုအကြိမ်တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မိုးမိတ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံအချို့မှာ အခြားဒေသများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။ နေအိမ်များအတွင်း ဗုံးခိုကျင်းများလည်း တူးထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။

သတင်း

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

"ဒီနေ့ အင်းတော်မှာ ပွဲစည်သွားတယ်။ စစ်ကောင်စီဘက်က တော်တော်အထိနာသွားတယ်။ ဆေးရုံကားတွေ တဝီဝီနဲ့ ခွေးပြေးဝက်ပြေး ပြေးနေကြတာ တွေ့တယ်"ဟု အင်း​တော်​ဒေသခံတစ်ဦးကလည်း​ပြောသည်။