Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်
ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

▪️ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ် မရသေး

အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံထားရသည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ်ခေါင်းဆောင် ကိုဝင်းမိုးဇော် (ခ)အဝင်းလေးသည် စစ်အုပ်စု၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ကြောရေး၌ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေ အနေနှင့် ကြုံတွေ့ နေရကြောင်းအနောက်မြောက် လွင်ပြင်သပိတ်အင်အားစုများက ယနေ့ (ဇူလိုင် ၁၁) တွင် ထုတ်ပြန်သည်။

ကိုဝင်းမိုးဇော်(ခ)အဝင်းလေးသည် ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ ကတိုးရွာအနီးတွင် စစ်​ကောင်စီတပ်၏ ကင်းပုန်းနှင့် ထိပ်တိုက်တိုးပြီး မတရားဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ကူတော်ရဲစခန်းတွင် စစ်ကြောခံနေရသည် ဟုသာ ကြားသိရပြီး ကိုဝင်းမိုးဇော်အနေဖြင့် ဖမ်းဆီးခံရချိန်မှ ယနေ့အထိ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် လုံးဝ အဆက်အသွယ်မရ ဖြစ်နေကြောင်း သိရသည်။

ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်
ဖမ်းဆီးခံ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း လူငယ်သပိတ်ခေါင်းဆောင်၏ အသက်အန္တရာယ်စိုးရိမ်ရဟု ထုတ်ပြန်

“ကိုဝင်းမိုးဇော်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ​ဖမ်းဆီးခြင်းခံရချိန်အထိ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကောင်း မွန်လျက် ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမှာကို အလွန်ပဲ စိုးရိမ်လျက်ရှိပါတယ်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း အဖြစ်အပျက်အားလုံးကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တာဝန်ယူ/တာဝန်ခံရမှာဖြစ်ပါတယ် ” ဟု အနောက်မြောက် လွင်ပြင်သပိတ်အင်အားစုများက ဆိုသည်။

ကိုဝင်းမိုးဇော်၏ အခြေအနေမှန်ကို သိရှိနိုင်ရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစုဝင်များနှင့် အမြန်ဆုံး အဆက်အသွယ်ရရှိရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနှင့် သံတမန် အဖွဲ့အစည်းများ အပါအဝင် တတ်စွမ်းနိုင်သူများအနေဖြင့် အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးပါရန်လည်း အနောက်မြောက်လွင်ပြင်သပိတ်အင်အားစုများက မေတ္တာရပ်ခံထားသည်။

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အကြမ်းဖက်စစ်​ကောင်စီတပ်အား လက်နက်ဖြင့်ခုခံတော်လှန်နေသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များလည်း ထွက်ပေါ်နေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဆီ​ပေပါ​ပေါင်းများစွာမီး​လောင်ကျွမ်းခြင်းဖြစ်၍ မီးခိုးလုံးကြီးကို မြို့​နေရာအနှံမှမြင်​​တွေ့ရပြီး ။ မုံရွာမြို့ခံ ပြည်သူများက မြို့သို့မီးကူးစက်​လောင်ကျွမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။

သတင်း

ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ​ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

သတင်း

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

သတင်း

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။