Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထား

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

မုံရွာ
မုံရွာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့နံနက်မှစ၍ ခေတ္တပိတ်ထားကြောင်း အဆိုပါလမ်းပိုင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် သည်။

ယနေ့ (ဇူလိုင်၁၁ရက်) နံနက် ၈နာရီ၄၅ မိနစ်အချိန်မှစတင်၍ မုံရွာ – အမြင့်လမ်းပိုင်းအား အရေးကြီးကိစ္စ မှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြည်သူများအား အသိပေးထားသည်။

ထို့အပြင် ဖြတ်သန်းသွားလာသည့်ယာဥ်များအားလုံး မှန်ချမောင်းနှင်ပေးကြရန်နှင့် မှန်မချဘဲ ဖြတ်သန်းသွားလာပါက ဖြစ်သမျှကိစ္စအဝဝအား တာဝန်ယူဖြရှင်းပေးမည်မဟုတ်ပါကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ စကားကိုကိုးကားပြီး မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက သတိပေးသည်။

မုံရွာ – အမြင့်လမ်း၊ မုံရွာ – အရာတော်လမ်း၊ မုံရွာ – မန္တလေးလမ်းပိုင်းများတွင် စစ်​ကောင်စီတပ်ယာဥ်များဖြတ်သန်းသွားမည့်ရက်များတွင် လမ်းပိုင်းခေတ္တပိတ်ထားလေ့ရှိပြီး အဆိုပါယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း - ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် - မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မုံရွာခရိုင်တွင် မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးဟူ၍ မြို့နယ်လေးမြို့နယ်ပါရှိရာ အရာတော်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သည့်ရွာ လေးရွာနှင့် မြို့ပေါ်ရပ်ကွက်သုံးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်း

ယနေ့(ဇူလိုင်လ၁၀ရက်)နံနက် ၀၉း၁၅ အချိန်ခန့်ကစတင်ကာ ဆီတင်ဖလက်ယာဥ်ကြီး(စက်လှေ)တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဥ်များဖြင့် ​ငြှိမ်းသတ်နေသော်လည်း နံနက် ၁ဝး၅၀ အချိန်ထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

သတင်း

အခုလို စစ်ကောင်စီတပ်က မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်မှာ တပ်အင်အားတွေတိုးချဲ့ပြီး စစ်ရေးလှုပ်ရှားလာတာဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက်ဖြစ်တယ်လို့ ယူဆရလို့ရကြောင်း Cobra စစ်ကြောင်းက သုံးသပ်ထားပါတယ်။