Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များအတွင်း လက်နက်ကြီးများတပ်ဆင်ပြီး အရပ်သားများကို လူသားတံတိုင်းပြုလုပ်ထားဟု ဒေသခံများ​ပြော

မိုးမိတ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံအချို့မှာ အခြားဒေသများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။ နေအိမ်များအတွင်း ဗုံးခိုကျင်းများလည်း တူးထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။

မိုးမိတ်မြို့နယ်
မိုးမိတ်မြို့နယ်

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် စစ်ကောင်စီက လူနေအိမ်များအတွင်း လက်နက်ကြီးများတပ်ဆင်ကာ အရပ်သားများကို လူသားတံတိုင်းပြုလုပ်ထားသည်ဟု ဒေသခံများက ပြောသည်။

“စစ်ခွေးတွေက လူနေအိမ်တွေထဲမှာ လက်နက်ကြီး လာတပ်ဆင်ထားတယ်။ အိမ်ရှင်တွေကိုလည်း သူတို့အတွက် ကတုပ်ကျင်းတူးခိုင်းတယ်” ဟု မိုးမိတ်ဒေသခံတစ်ဦးက People’s Spring သို့ ယနေ့(ဇူလိုင်၁၁ရက်) ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုးမိတ်ဒေသတွင်ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (SSPP)၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA)တို့နှင့် စစ်ရေးတင်းမာနေသည်။

မိုးမိတ်မြို့နယ် စင့်ကင်ရွာနှင့် မှန်ပါတ်ရွာဘက်တွင် စစ်ကောင်စီတပ်အများဆုံး စစ်ကြောင်းလှုပ်ရှားနေသည်ပြီး စစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၂၃)၊ (၂၇၆)နှင့် (၃၄၈) တို့ လှုပ်ရှားနေသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

” အရပ်သားများအား လူသား​တံတိုင်းပုံစံလုပ်နေတာကတော့ အကြောက်လွန်ပြီးလုပ်တာသိသာတယ်။ သတ္တိရှိရင် လက်နက်ကိုင်ထားသူချင်း ယောကျားပီပီ တိုက်ကြပေါ့။ အခုတော့ စစ်​ေွးတွေက အိမ်ထဲတွေမှာ လာ တပ်စွဲထားတယ်” ဟု နေအိမ်ခြံဝင်းအတွင်း တပ်စွဲခံထားရသူတစ်ဦးက ပြောသည်။

မိုးမိတ်ဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် မြို့ခံအချို့မှာ အခြားဒေသများသို့ သွားရောက်တိမ်းရှောင်နေကြသည်ဟု သိရသည်။ နေအိမ်များအတွင်း ဗုံးခိုကျင်းများလည်း တူးထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။

မိုးမိတ်နှင့် မိုးကုတ်မြို့ထိစပ်ရာဒေသများတွင် စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အင်အားတိုးချဲ့နေသည့် သတင်းများ ရရှိထားကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးက People’s Spring သို့ ပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

သေဆုံးမှုအခြေအနေများအား မြေပြင်ရဲဘော်များနှင့် ဖရဲသီး(စစ်ကောင်စီ၏ သတင်းများပြန်လည်ပေးပို့နေသူ)များ၏ ပေးပို့ချက်အရ သိရှိရသည်ဟု ကျောက်ဆည်နဂါးနီ ပျောက်ကြားတပ်ဖွဲ့က ပြောသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများနိုင်ပြီး တက္ကသိုလ်ဝန်းအတွင်းသို့ အရေးပေါ်လူနာ တင်ကားအချို့ ဝင်ထွက်သွားလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းတွင် မြိုင်နယ်အတွင်း၌ စစ်ကြောင်းထိုး အကြမ်းဖက်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDF များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

"ဒီနေ့ အင်းတော်မှာ ပွဲစည်သွားတယ်။ စစ်ကောင်စီဘက်က တော်တော်အထိနာသွားတယ်။ ဆေးရုံကားတွေ တဝီဝီနဲ့ ခွေးပြေးဝက်ပြေး ပြေးနေကြတာ တွေ့တယ်"ဟု အင်း​တော်​ဒေသခံတစ်ဦးကလည်း​ပြောသည်။