Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားတစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့်CDF မင်းတပ်ထံလာ​ရောက်၍CDMပြုလုပ်

“မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ”ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။

People's Spring
People's Spring

စစ်ကောင်စီတပ်သားတစ်ဦးသည် ဗုံးနှစ်လုံးအပါအဝင် လက်နက်ခဲယမ်းအပြည်ွအစုံယူဆောင်လာပြီးစစ်တပ်ကိုစွန့်ခွာလာကာ မင်းတပ်ပြည်သူ့ကာကွယ်ရေတပ်CDFမင်းတပ်ထံ လာ​ရောက်ပူးပေါင်း၍ CDMပြုလုပ်ခဲ့သည်။

ချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့်အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂မှ တပ်သား ဇင်လင်အောင်သည် CDF-Mindat ထံ ဇူလိုင် ၁၀ရက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။

“မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ”ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။

တပ်သား ဇင်လင်းအောင်က MA-1 သေနတ် တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

ထိုအပြင်ကရင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ယနေ့ အလင်းဝင်လာကာ ပြည်သူနှင့် ပူးပေါင်းလာသည်။ လက်ရှိဖြစ်ပွားနေသော ဥကရစ်ထစခန်းတိုက်ပွဲသို့ စစ်ကောင်စီတပ်က စစ်ကူပို့လိုက်သောတပ်သား ငါး ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ပူးပေါင်းတပ်ဆီ အလင်းဝင်ကာ CDM ပြုလုပ်ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

သတင်း

ယနေ့ တိုက်ပွဲအပါအဝင် ၄ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

သတင်း

ဇူလိုင် ၉ရက်တွင် စစ်ကောင်စီတပ်က ရွာသား ၁၆ဦးကို ဖမ်းသွားပြီး ယမန်နေ့ ဇူလိုင် ၁၀ရက်ညပိုင်း၌ နောက်ထပ်ရွာသား ၃ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။