Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်တွင်စစ်​ကောင်စီတပ်နှင့် CDFမင်းတပ်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(CDF မင်းတပ် တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CDF)
(CDF မင်းတပ် တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-CDF)

မင်းတပ်မြို့ ပူကွန်ကျေးရွာတွင် CDF -မင်းတပ် နှင့် စစ်ကောင်စီတပ်တို့ယနေ့ည၌တိုက်ပွဲဖြစ်ပွားနေကြောင်းCDF-မင်းတပ်သတင်းပြန်ကြားရေးဌာနကထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့မှ ဆင်းလာပြီးနောက် ပူကွန်ကျေးရွာတွင် ယာယီတပ်စွဲထားစဥ် ယနေ့(ဇွန် ၁၃ရက်) ည ၈နာရီ ၁၈ မိနစ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ကန်ပက်လက်မြို့နယ်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ CDF-ကန်ပက်လက်နှင့် တိုက်ပွဲများပြင်းထန်နေသည်။ ဒေသချင်းဆက်စပ်နေသည့် မင်းတပ်ကိုလည်းစစ်ကောင်စီစစ်ကြောင်းထိုးလာနိူင်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်း CDF-မင်းတပ် ရဲဘော်အချို့က ပြောသည်။

ယနေ့ည ဖြစ်ပွားနေသည့်တိုက်ပွဲ နောက်ဆက်တွဲ အခြေအနေကို အ​သေးစိပ်မသိရ​သေးဘဲစောင့်ကြည့်စုံစမ်းနေသည်ဟု CDF-မင်းတပ်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လဆန်းမှ စ၍ အင်အား ၂၀၀ ခန့်ဖြင့် မင်းတပ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဇွန်လ ပထမပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပေ။ မင်းတပ်နှင့် ဆက်စပ်နေသည့် ကန်ပက်လက်မြို့နယ်အတွင်း သို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ မင်းတပ်ဘက်သို့လည်း ထိုးစစ်ဆင်လာနိုင်ကြောင်း CDFမင်းတပ်ကဇွန်လ ၁၁ရက်တွင် အသိပေးထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မင်းတပ် CDFသည် မတူပီမှလာသည့်စစ်ကောင်စီတပ် ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး အထိနာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့နံနက် ၇နာရီခွဲခန့်တွင် ငါးဇွန်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

သတင်း

ဇွန်လ ၁၀ ရက်ကစ၍ ယမန်နေ့အထိ ဒေါညေးခူကျေးရွာနှင့်ထီးပေါ်ဆိုကျေးရွာ တစ်ဝိုက်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း - ၂၊ တပ်ရင်း -၄ ၊ တပ်ရင်း -၈ ၊တပ်ရင်း -၁၅ တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးစဥ် လမ်း​ကြောင်းတစ်​လျှောက်ပြည်သူ့​နေအိမ်များ​ဖောက်ထွင်းခိုးယူဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ​ဒေသခံ​ကျေးရွာ၁၁ ရွာ​ခန့်ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရသည်။

သတင်း

ဇွန်လ ၁၁ရက် ညနေပိုင်းက အဆိုပါ ဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးကာ CDF ရဲဘော်များ ထိခိုက်ကျဆုံးမရှိကြောင်း ဖော်ပြထားသည်။