Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူတစ်ဦးအားရှင်းလင်းစဥ် မတော်တဆကျည်ထိမှန်ကလေးငယ်တစ်ဦးကွယ်လွန်ခဲ့ခြင်းအပေါ် လောင်းလုံး (ပကဖ) ဝန်ချတောင်းပန်

“စစ်ကောင်စီထောက်တိုင်ကိုဖြုတ်ဖို့ အသက်နဲ့ရင်းပြီး mission လုပ်ခဲ့တဲ့ ရဲဘော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအတွက် LLPDF အနေနဲ့ လုပ်စရာရှိတာကို လုပ်နေကြပါတယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံး (ပကဖ)
လောင်းလုံး (ပကဖ)

▪️ဖြစ်ရပ်အပေါ် တာဝန်ခံပေးဆပ်သွားမည်ဟု အသိပေး

စစ်ကောင်စီအောက်ဆွဲ ပျူစောထီးတစ်ဦးအားရှင်းလင်းစဥ် မတော်တဆ ကျည်ထိမှန်ပြီး ကလေးငယ်တစ်ဦးကွယ်လွန်ခဲ့ခြင်းအပေါ် လောင်းလုံး(ပကဖ)ဝန်ချတောင်းပန်ကြောင်းနှင့် ဖြစ်ရပ်အပေါ်တာဝန်ခံပေးဆပ်သွားမည်ဟု ယနေ့ (ဇူလိုင် ၁၀)အသိပေးထုတ်ပြန်သည်။

ကျည်တစ်ချက်တိုင်းကို အမှန်တရားအတွက်သာရည်ရွယ်၍ကြိုးစားခဲ့သော်လည်း ဤသို့ဖြစ်ရပ်မျိုးအပေါ် ကျွန်ုပ်တို့ရဲဘော်များအားလုံး ယူကျုံးမရဖြစ်ရပြီး အပြစ်ပေါ့လျော့စေခြင်းအလို့ငှာ (လုံးဝ)ရည်ရွယ်ခြင်းမရှိဘဲ တာဝန်ခံ၊ ဝန်ချတောင်းပန်လွှာအား ထုတ်ပြန်လိုက်သည်ဟု ဆိုသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင် ၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က လောင်းလုံမြို့နယ် ဝေဒီကျေးရွာရှိ စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင် ပျူစောထီး ဦးကျော်ဟိန်းနှင့် စစ်ကောင်စီသတင်းပေးဒလန်တစ်ဦး၏နေအိမ်များသို့ လောင်းလုံ (ပကဖ)နှင့် Dawei Defense Team – DDT တပ်ခွဲ (၃)(ပကဖ-ထားဝယ်)တို့မှ သတိပေးနှိမ်နင်းရန် သွားရောက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့မသွားရောက်မီ စုံစမ်းစစ်ဆေးမှုများအရ ပျူစောထီးအဖွဲ့ဝင် ဦးကျော်ဟိန်းသည် လက်နက်ကိုင်ဆောင်ပြီး စစ်ကောင်စီအလိုကျ ရပ်ရွာနေပြည်သူများအပေါ် ထိခိုက်ဆုံးရှုံးမှုများစွာပြုလုပ်ခဲ့သူဖြစ်ကြောင်းနှင့် ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူအပြင် အဖိုးတစ်ဦးသာရှိသည်ဟု ခိုင်လုံသောသတင်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ဦးကျော်ဟိန်းအိပ်စက်သည့်နေရာအား ပစ်ခတ်ခဲ့ရာ အိမ်တွင်းမှ ကလေးအသံကြားရသောကြောင့် ပစ်ခတ်မှုအားချက်ချင်းရပ်ပြီး သေချာစိစစ်ကြည့်ရာ ဦးကျော်ဟိန်းမှာ အိမ်နောက်ဖေးပေါက်မှတဆင့်ထွက်ပြေးသွားသည်ကို သိရှိခဲ့ရကြောင်း ဖော်ပြသည်။

ပစ်ခတ်မှုကြောင့် ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူတွင် ခြေထောက်ရှပ်ထိဒဏ်ရာရထားသည်ကို တွေ့ရပြီး ၎င်း၏နဘေးမှ ဘေးတစောင်းအိပ်နေသော (၇)နှစ်အရွယ်သမီးလေးတစ်ဦးအိပ်နေသည်ကိုလည်း တွေ့ခဲ့သည်ဟု အသိပေးသည်။

ထို့ကြောင့် ယင်းသမီးငယ်လေးအား ထိခိုက်မှုရှိ၊မရှိ အကျီစလှန်ပြီးစစ်ဆေးသည့်အပြင် သမီးငယ်အား နာကျင်မှုတစ်စုံတစ်ရာ(ဒဏ်ရာရမှု)ရှိ၊မရှိကို “မီးမီးနာတာကျင်တာရှိလား၊ ဦးတို့ကလူဆိုးမဟုတ်ပါဘူး၊ နာတာရှိရင် ဦးတို့ကိုပြောပြပါဦး”ဟုမေးရာ သမီးလေးမှ “မီးမီးမနာဘူးရှင်၊ မီးမီးမှာ ဘာမှမဖြစ်ဘူးရှင်”ဟု ချက်ချင်းပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။

သို့ဖြစ်၍ ခြေထောက်တွင် ရှပ်ထိဒဏ်ရာရထားသော ဦးကျော်ဟိန်းဇနီး၏ ဒဏ်ရာကို အဝတ်စဖြင့်ကြပ်စည်းပေးကာ ရှေ့ဦးသူနာပြုနည်းအတိုင်းလုပ်ကိုင်ပေးခဲ့ပြီး ဆုတ်ခွာခဲ့ရာ ထိုဖြစ်စဥ်မှာ အချိန်အားဖြင့် နာရီဝက်ခန့်ကြာခဲ့သည်ဟု ဖော်ပြသည်။

ယင်းနောက် စစ်ကောင်စီလက်ပါးစေ သတင်းပေးတစ်ဦး၏နေအိမ်သို့ ဆက်လက်ဝင်ရောက်စီးနင်းကာ စစ်ကောင်စီအလိုကျလုပ်ရပ်များ ရပ်တန်းကရပ်ရန်နှင့် ဆက်လုပ်နေပါက ခွင့်မလွှတ်တော့ဘဲ အရေးယူတော့မည်ဟု နောက်ဆုံးအကြိမ်သတိပေးခဲ့ကာ ဦးကျော်ဟိန်းနေ အိမ်မှဖြစ်စဥ်များကို အကူအညီပေးနိုင်ရန်အလို့ငှာပြောပြပြီး ထွက်ခွာခဲ့ရာ အချိန်ကာလ မိနစ် ၄၀ခန့်ကြာသည်ဟု အသိပေးသည်။

ယနေ့(ဇူလိုင် ၁၀)နံနက် ၅နာရီခန့်တွင် အထက်ပါဖြစ်စဥ်၌ ကြုံတွေ့ခဲ့ရသော (၇)အရွယ်သမီးလေးမှာ ​သေနတ်ဒဏ်ရာဖြင့် ဆုံးပါးသွားသည်ဟုကြားသိရချိန်တွင် ရဲဘော်များအားလုံး တုန်လှုပ်အံ့သြခဲ့ရပြီး ဖြစ်စဥ်အားစုံစမ်းကြည့်ရာ ဦးကျော်ဟိန်းဇနီး၏ ခြေထောက်ကိုရှပ်ထိသောကျည်မှာ ၎င်း၏နဘေး၌စေးလျက်အိပ်နေသော သမီးလေးကို ထိမှန်ခဲ့ကြောင်း သိရှိရသည်ဟု ဆိုသည်။

“အချိန်မီ ဆေးကုသနိုင်ပါက အသက်အန္တရာယ်လွတ်မြောက်နိုင်သော်လည်း ကျေးရွာနေစစ်ကောင်စီလက်ပါးစေများ၏ ဟန့်တားမှုကြောင့် အရေးပေါ်ကုသမှုအချိန်ကြန့်ကြာခဲ့ရပြီး အသက်ဆုံးရှုံးသွားရကြောင်း သိရှိရသည်”ဟု ဖော်ပြသည်။

ဖြစ်စဥ်ပါ သမီးငယ်လေးမှာ မငုဝါနိုးဖြစ်ပြီး ၎င်းသည် ဦးကျော်ဟိန်းဇနီး၏ တူမဖြစ်ကြောင်း၊ အဖွားဖြစ်သူ၏ နေအိမ်၌သာနေထိုင်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ ဦးကျော်ဟိန်းနေအိမ်သို့ လာရောက်တတ်ကြောင်းစုံစမ်းသိရသည့်အပြင် နေအိမ်အားစီးနင်းမှုမပြုမီအချိန်ထိ ကလေးငယ်ရှိနေသည်ဟု မသိခဲ့ရကြောင်း ဝန်ခံထား သည်။

သို့သော် မထင်မှတ်သည့်ဖြစ်ရပ်ကြောင့် အပြစ်မဲ့ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရခြင်းသည် ပြန်မပေးဆပ်နိုင်သော ကြီးလေးသည့်နင့်နာမှုကြီးဖြစ်ခြင်းကြောင့် ကလေး၏မိဘအုက်ထိန်းသူထံ ဆက်သွယ်၍ ဝန်ချတောင်းပန်ကာ မိဘများဆန္ဒအတိုင်း တာဝန်ခံပေးဆပ်သွားမည်ဟု အသိပေးသည်။

“စစ်ကောင်စီထောက်တိုင်ကိုဖြုတ်ဖို့ အသက်နဲ့ရင်းပြီး mission လုပ်ခဲ့တဲ့ ရဲဘော်တို့ကို တာဝန်ယူမှု တာဝန်ခံမှုအတွက် LLPDF အနေနဲ့ လုပ်စရာရှိတာကို လုပ်နေကြပါတယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘဝတစ်ပါးသို့ ကွယ်လွန်အနိစ္စရောက်ခဲ့သော သမီးငယ်လေးသည် ဘဝဆက်တိုင်း ဤသို့သောအဖြစ်ဆိုးမျိုးနှင့် မကြုံတွေ့ရဘဲ ကောင်း မွန်ရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း လောင်းလုံး(ပကဖ)မှ ဆုမွန်တောင်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီသတင်းပေးဆိုသူ ဦးကျော်ဟိန်းအား ယမန် နေ့(ဇူလိုင် ၉ ရက်) ည၁၁နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မင်းကင်းမြို့နယ် တောင်လက်ဒေသတွင် ဇွန်လ ၂၉ရက်နေ့မှ စတင်ထိတွေ့မှုများ ဖြစ်ပွားနေပြီး ‌ယနေ့အထိ စစ်ရေးတင်းမာမှုဆက်လက်ဖြစ်ပွားနေကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးထားသည်။

သတင်း

မြန်မာနိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမည်ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

နိုင်ငံတကာ

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းမှာတော့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်း တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှာတော့ ကျန်းမာရေး ကိစ္စကို အကြောင်းပြပြီး ရာထူးက အနားယူသွားခဲ့တာ ဖြစ်ပါတယ်။