Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများလှူဒါန်းမှုဖြင့် စနိုက်ပါတစ်လက်၊ M4 တစ်လက်နှင့် ကျည်များရရှိထားဟု KNDO၏ VENOM စစ်ကြောင်း အသိပေး

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ - VENOM

ပြည်သူလူထုများမှ ကိုယ်ပိုင်ချွေးနည်းစာဖြင့် အခက် အခဲများကြားမှ လှူဒါန်းပေးသော အလှူငွေများဖြင့် စနိုက်ပါ တစ်လက်၊ M4 တစ်လက်နှင့်ကျည်များ ရရှိလာပြီဖြစ်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အထူးကွန်မန်ဒိုတပ်ရင်း၏ VENOM စစ်ကြောင်းက ယနေ့ အသိပေးသည်။

“ဆက်လက်လှူဒါန်းပေးနေသော မိဘပြည်သူများ ၏အလှူငွေများကို ထပ်မံစုစည်းကာ ၊ နောက်ထပ်ရောက်ဖို့လဲ ရှိပါသေးသည်။ ကျွန်တော်VENOM အနေဖြင့် ဖော်မပြတတ်လောက်အောင် ဝမ်းသာမိပါတယ်”ဟု ဖော်ပြကာ VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ရောက်ရှိလာသည့် လက်နက်နှင့် ကျည်များကို ပြသခဲ့သည်။

ဓာတ်ပုံ - VENOM
ဓာတ်ပုံ – VENOM

အချိန်ယူအားဖြည့်ဆဲကာလမှသည် ၊ ပြည်သူများထံသတင်းကောင်းများ ရောက်ရှိနိုင်ရေး ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်၏ မြ၀တီမြို့နယ် ဝေါ်လေဒေသ ဥကရစ်ထတပ်စခန်း တိုက်ခိုက်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဟုမ္မလင်း(ပအဖ)အနေဖြင့် SNAအား ဒေသခံများအကျိုး ဆောင်ရွက်မည့်အဖွဲ့ဟုရှုမြင်ပြီး မိတ်ဖက်အဖြစ် အရေးပေးတက်ဆံသည့်အပြင် NUG အစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာန၏ "တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရမည်"ဟူသော လမ်းညွှန်ချက်များနှင့်အညီ ဆက်ဆံခဲ့ကြောင်း ဖော်ပြသည်။

သတင်း

"သက်သက်လက်နက်ကြီးနဲ့ပစ်သွားတာပါဗျာ။ဆုံးတဲ့ရွာသားကို မနေ့ကတခါတည်း သင်္ဂြိုလ်လိုက်ပါတယ်။ ကျန်တဲ့ထိထားတဲ့ ၆ယောက်ထဲကလည်း စိုးရိမ်ရသူ နှစ်ယောက်ပါပါသေးတယ်။"ဟု ​ဒေသခံတစ်ဦးက ပြောသည်။

သတင်း

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

သတင်း

ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း - ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် - မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။