Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့်အချိန်နှင့် အတန်းကူးပြောင်းပေးမည့်အချိန် ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့ အသိပေး

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့
ဂန့်ဂေါ ပညာရေးဘုတ်အဖွဲ့

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီ ကျောင်းများ ၌ တက်ရောက်သင်ကြားခြင်းမရှိသော CDM ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခြင်းကို ၂၀၂၃ ဖေဖော်ဝါရီတွင် ပြုလုပ်သွားမည်ဟု ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့(ယာယီ)က ထုတ်ပြန်သည်။

ဇူလိုင် ၉ရက်​နေ့စွဲဖြင့်ထုတ်ပြန်သည့် ယင်းကြေညာ ချက်၌ အခြေခံပညာ န၀မတန်း စနစ်ဟောင်းတက်ရောက်ဖူးပြီး ၂၀၂၂ ဩဂုတ် ၃၁ရက်၌ အသက် ၁၇နှစ် ပြည့်ပြီးသူများသည် လာမည့်နှစ် ဖေဖော်ဝါရီတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည်ဖြစ်သည်ဟု ဆို သည်။ ၂၀၂၃ ဩဂုတ်တွင် ဒုတိယအကြိမ် စာမေးပွဲရှိသည်ဟုလည်း အသိပေးထားသည်။

ဖြေဆိုချိန် ၂နာရီသတ်မှတ်ထားပြီး ဓမ္မဓိဌာန် မေးခွန်းအမျိုးအစားများ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထား သည်။

တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြားသောအတန်းများအားလုံးမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်အရည်အချင်းပြည့်မီပါက ယခုနှစ် အောက်တိုဘာလ တွင် အတန်းကူးပြောင်းပေးမည် ဖြစ်ကြောင်း အသိပေးထားသည်။

တော်လှန်ရေးနှင့် သက်ဆိုင်သော အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသောသို့မဟုတ် စာမေးပွဲ ဖြေဆိုနိုင်ခြင်း မရှိသော ကျောင်းသား၊ကျောင်းသူများအတွက် သင့်လျော်မည့် ကြားကာလ သို့မဟုတ် တော်လှန်ရေးအလွန်ကာလ အထူးပညာသင်ကြားရေးနှင့် စစ်ဆေး အကဲဖြတ် အသိအမှတ်ပြုရေး၊ အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရမှ သီးသန့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကရင်နီပြည်နယ်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် KNDF တပ်ရင်း - ၉ ၊ ၁၀ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွိုင်ကော် - မော်ချီးလမ်းပိုင်းအသုံးပြုရမည့် စည်းကမ်းချက်များကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

သတင်း

"ဒါတွေဟာ မြို့ပြပျောက်ကျားအဖြစ် စတင်လုပ်ဆောင်စဥ်ကပင် ကြုံတွေ့ရမယ့် ပေးဆပ်မှု များဆိုတာ ကြိုတွေးထားမိပါတယ်။ ယခု အခါ မန္တလေးမြို့ပြရဲ့ DRMမှာ လိုအပ်ချက်များစွာနဲ့အတူ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်"ဟု အသိပေးသည်။

သတင်း

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။