Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်တွင် PDFစခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် စစ်​ကောင်စီတပ်အား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဟုဆို

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ပြည်သူ့ကာကွယ်​ရေးတပ် (PDF)စခန်းတစ်ခုအား လာရောက်ဖျက်ဆီးသည့် အကြမ်းဖက်စစ်​ကောင်စီတပ်သားများအား တိုက်ခိုက်ရာ နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ဘုတလင်မြို့နယ်၊ ရှမ်းတဲရွာအနီးရှိ ယမ်းဘီလူးအဖွဲ့၏ စခန်းဟောင်းအား မီးရှို့ဖျက်ဆီးရာ PDFက တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် နှောယင်းရွာဦးအလွန်တွင် မြို့နယ်(ပကဖ) အဖွဲ့များနှင့် စစ်​ကောင်စီတပ်တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားရခဲ့ပြီး စစ်​ကောင်စီတပ်ဘက်က ထိခိုက်မှူအခြေအနေ မသိရသေးကြောင်း ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

ထို့နောက် စစ်​ကောင်စီတပ်သည် မြို့သစ်ချောင်း၊ ရွာစီကုန်းရွာဘက်များသို့ စစ်ကြောင်းနင်းရာ ပြည်သူအချို့ အားသတ်ဖြတ်၍အချို့အား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယမ်းဘီလူးပြောက်ကျားအဖွဲ့က ဆိုသည်။

ဘုတလင် local PDF အဖွဲ့များက အသွားအပြန် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ယအဝေးပစ်များဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် အကြမ်းဖက်စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများနိုင်သည်ဟု ယမ်းဘီလူးအဖွဲ့က ခန့်မှန်းသည်။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်ကောင်စီတပ်သည် စစ်ကြောင်းအပြန်တွင်လည်း ယမ်းဘီလူးထုတ်လုပ်ရေးစခန်းအား မီးရှို့ဖျက်ဆီးရာ စစ်​ကောင်စီတပ်ဘက်က ကျဆုံးမှုရှိသည်ဟု ဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ယမ်းဘီလူးပြောက် ကျားအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)
(ဖျက်ဆီးခံခဲ့ရသော စခန်းငယ်အား တွေ့ရစဥ်။ ဓာတ်ပုံ-ယမ်းဘီလူး)

စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

သတင်း

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

"မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ"ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။