Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိက္ခာသယ် စစ်ကောင်စီတပ်ဖွဲ့ ကား ၂စီးကို တိုက်ခိုက် ၃ဦးသေဟု ဒီးမော့ဆို PDF အသိပေး

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

People's Spring Published by Lu Thit Page Liked · 10 mins · Edited · ဒီး​မော့ဆိုPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DMO- PDF
People's Spring Published by Lu Thit Page Liked · 10 mins · Edited · ဒီး​မော့ဆိုPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-DMO- PDF

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ရိက္ခာတင်ကား ၂စီးကို ယမန်နေ့ ဇူလိုင် ၁၁ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကော်စီတပ်မှ ၃ဦးသေဆုံးခဲ့ကြောင်း ဒီးမော့ဆိုပြည် သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့မရပ်ကွက် မြို့မရဲစခန်းသို့ ဟိုက်ဂျက်ကားအဖြူ(၂)စီးဖြင့် ရိက္ခာတင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

စစ်​ကောင်စီရဟတ်ယာဥ် ။ ။ဓါတ်ပုံ-DMO-PDF
စစ်​ကောင်စီရဟတ်ယာဥ် ။ ။ဓါတ်ပုံ-DMO-PDF

နာရီဝက်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီမှ ၃ ဦး သေဆုံးခဲ့ကြောင်းမြေပြင်သတင်းအရသိရသည်ဟုအသိ​ပေးသည်။

“မနက် ၁၀ နာရီကျော်လောက်ကစတာ။ တိုက်ပွဲက နာရီဝက် ကျော်လောက်ကြာတယ်။ရန်သူဘက်က အသေအဆုံးတွေများလို့ လက်နက်ကြီး တွေ ၆၀ မမ ၁၂၀ မမ တွေပါထုတ်သုံးပြီး ပစ်ကူ ပေးခဲ့တယ်”ဟုDMO Local PDFမှဗိုလ်ဖရန်စစ်က လူထုနွေဦးသို့ပြောသည်။

ရဲစခန်းအတွင်းရှိစစ်ကောင်စီတပ်ကလည်းလက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ကူပေးခဲ့ပြီးရဟတ်ယာဉ်၁စီးဖြင့်လည်း ကင်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင်ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုမရှိ​ကြောင်းအသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဘုတလင်မြို့တွင် အကြမ်းဖက်စစ်တပ်သည် ​ကျေးရွာများအား လိုက်လံဖျက်ဆီးမှုများပြုလုပ်နေပြီး ကနီနီနယ်နှင့် ဆက်နေသည့် ကျေးရွာများအား အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

သတင်း

တိုက်ပွဲတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးခန့်သေဆုံးနိုင်ကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု CAF -SPUPDF က ဆိုသည်။

သတင်း

စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေရာထိုင်ခင်း၊ မိုးကာ၊​​ စောင်​၊ ခြင်​​ထောင်၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီရှာဖွေ ထောက်ပံ့ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

"မနေ့က အလင်းဝင်တယ်။ သေနတ်ရော ကျည်ဆန်တွေရောပါတယ်။ဒီနေ့ လွတ်မြောက်နယ်မြေ အရောက်ပို့လိုက်ပြီ"ဟု CDF-Mindat တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့(ဇူလိုင် ၁၁ရက်)ပြောသည်။