Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို အထူးနေထိုင်ခွင့်ဗီဇာ ခွင့်ပြုပေးထား

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)
(​တောင်ကိုရီးယား​ရောက် မြန်မာများ NUG အစိုးရ​ထောက်ခံ​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ပြီးခဲ့သည့်ဇွန်လ၂၅ရက်က ​တွေ့ရစဥ်)

တောင်ကိုရီးယားအစိုးရသည် ၎င်းတို့နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ယာယီအထူးနေထိုင်ခွင့်ဗီဇာခွင့်ပြုထားကြောင်း ယင်းနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ယနေ့ထုတ်ပြန်သည်။

အဆိုပါ အထူးနေထိုင်ခွင့်ဗီဇာ G1-99 အရ ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်တွင် သက်တမ်းရှိခြင်း၊ မရှိခြင်းနှင့် မသက်ဆိုင်ဘဲ G1-99 ဗီဇာ သက်တမ်းတိုးပေးခြင်းအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု အသိပေးထားသည်။

မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံရှိ မြန်မာ့အရေးလှုပ်ရှားသူများ၏ တင်ပြ တောင်းဆိုချက်အရ ယခင် တောင်ကိုရီးယားအစိုးရက မြန်မာနိုင်ငံသားများကို လူသားချင်းစာနာသည့် ယာယီနေထိုင်ခွင့်ဗီဇာ G1-99 ဗီဇာအား ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန် သည်။

ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ၂၀၂၁ မတ်လ ၁၂ရက်တွင် G1-99 ဗီဇာအား အထူးနေထိုင်ခွင့် ဗီဇာအဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံသားများ အနေဖြင့် အမိမြန်မာပြည် တည်ငြိမ်အေးချမ်းသည်အထိ ကိုရီးယားနိုင်ငံတွင် ခိုလှုံနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ပထမဆုံး ထုတ်ပေးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရုရှား၏ ကျူးကျော်စစ်ကို ခံစားနေရသည့် ယူကရိန်းနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသားများကဲ့သို့ G1-99ဗီဇာဖြင့် အထူးနေထိုင်ခွင့်ပေးထားသည်ဟု သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဆန္ဒပြသူများက ရုရှားနိုင်ငံအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အနှောက်အယှက်ပေး၍ အာဏာသိမ်း စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းအပေါ် ကန့်ကွက်ခဲ့ပြီး "Don`t Support Myanmar Dictatorship!"ဆိုသည့် စာတန်းဖြင့် မြန်မာစစ်အာဏာရှင်ကိုထောက်ပံ့ခြင်းမပြုရန် ကြွေးကြော်ဆန္ဒပြခဲ့သည်။

နိုင်ငံတကာ

ယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စစ်ရေးအင်အားနဲ့ အစီအမံတွေ လုပ်ဆောင်ထားဖို့ တောင်ကိုရီးယား စစ်ဗိုလ်ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။

သတင်း

ဆန္ဒပြသူများက "We Support NUG" ၊ "We Support PDF" အစရှိသည့် စာသားများကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေးအတွက် သံပုံးများတီး၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သတင်း

EPS စာမေးပွဲအတွက် စာစစ်ဌာနများကို သြဂုတ်နှင့် အောက်တိုဘာလများအတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့်သူများတွင် မမှန်ကန်သောအပြုအမူဖြင့် ဖြေဆိုပါက စာမေးပွဲဖြေဆိုခွင့် ၄ နှစ်အထိအပိတ်ခံရမည့်အပြင် တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ထားသည်။