Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့တဲ့ တိုက်ပွဲ

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇူလိုင်(၁၂)ရက် မနက်(၈)နာရီအချိန်ခန့်က မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နဲ့ သရက်တစ်ပင်ရွာကြားမှာ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခလရ(၈)တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေအပါအဝင် အရာရှိတွေ၊ တပ်သားတွေ အများအပြားသေဆုံးခဲ့ကာ တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ သေကြေပျက်စီးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းဘက်ကတော့ သုံးဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ညနေပိုင်းကစစ်​ကောင်စီတ​ပ်နှင့် ဒေသတွင်း PDF များ ဆယ်မိနစ်ခန့်တိုက်ပွဲဖြစ်ပွားရာစစ်သား နှစ်ဦးသေဆုံးကြောင်း YEU URBAN GUERRILLA ( YUG)အဖွဲ့ကသတင်းထုတ်ပြန်သည်။ ယနေ့(ဇူလိုင်လ ၁၂ရက်) ညနေ ၃ နာရီခွဲခန့်ကရေဦးမြို့နယ်၊ မင်းမောင်းကုန်းကျေးရွာအနီး၌ အင်အား၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းYUG ၏...

သတင်း

ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်သည်ဟု အသိပေးထားပြီး တိုက်ပွဲအတွင်း ကော်ဘရာ စစ်သည် ၃ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

သတင်း

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။

သတင်း

“ပြည်သူစစ်တွေအကျအဆုံးရှိတယ်လို့ကြားတယ်။ လေယာဉ်ပျံလည်း လာတယ်ပြောတယ် အဲဒီ လေယာဉ်ပျံက မှန်းပြီး ပစ်ထည့်လိုက်တော့ အဲဒီစစ်ကောင်စီဘက်ကိုသွားကျပြီး အထိအခိုက်ရှိတယ်လို့ ကြားတယ်” ဟု ဝိုင်းမော်ဒေသခံက ပြောသည်။