Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမင်း​​မောင်းကုန်းရွာအနီးတိုက်ပွဲစစ်သား ၃ ဦး​သေဟုYUG ​ထုတိပြန်

(တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့စဉ်။ ။ဓာတ်ပုံ-Kaduma Platform)
(တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့စဉ်။ ။ဓာတ်ပုံ-Kaduma Platform)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ညနေပိုင်းကစစ်​ကောင်စီတ​ပ်နှင့် ဒေသတွင်း PDF များ ဆယ်မိနစ်ခန့်တိုက်ပွဲဖြစ်ပွားရာစစ်သား နှစ်ဦးသေဆုံးကြောင်း YEU URBAN GUERRILLA ( YUG)အဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်လ ၁၂ရက်) ညနေ ၃ နာရီခွဲခန့်ကရေဦးမြို့နယ်၊ မင်းမောင်းကုန်းကျေးရွာအနီး၌ အင်အား၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းYUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်ပွားချိန် ဆယ်မိနစ်ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။သို့​သော်စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုကို People’s Springကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါစစ်ဆင်ရေးအား Special Attacking Force (Upper Burma)၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့၊ရေဦးမြို့​ပြပြောက်ကျားYEU URBAN GUERRILLA( YUG)အဖွဲ့၊တန့်ဆည်ရွှေဘိုတပ်ရင်း(၁၀)နှင့် ညီနောင်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ YEU URBAN GUERRILLA ( YUG)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

တိုက်ပွဲကြောင့် အထိနာနေသော အကြမ်းဖက်စစ်တပ်သည် ယနေ့ညနေ ၅ နာရီခွဲခန့်တွင်မင်းမောင်းကုံးရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသတွင်း Kaduma Platform စာမျက်နှာက ဖော်ပြသည်။

ဇူလိုင်လ၈ရက် နံနက်ပိုင်းက ရေဦးမြို့နယ်၊ စည်သာမြေရှိ ပကဖစခန်းငယ်တစ်ခုကို စကစမှစစ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊သယ်ပို့ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊သယ်ပို့ကား၊ မိုင်း နှင့် ဆက်စပ်ပစ္စည်းအချို့‌သိမ်းဆည်းခံခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ကူဖြူရွာအနီး၌ အကြမ်းဖက်စစ်တပ်နှင့် ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ ငါးဦးခန့် သေဆုံးခဲ့ကြောင်း ရေဦး ပကဖ၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဇူလိုင်(၁၀)ရက်ကစပြီး စစ်ကောင်စီတပ်က အများပြည်သူအသုံးပြုသွားလာနေတဲ့ တုံးတံတား ကျောက်ကြီးလမ်းမှာ ကုန်ခြောက်တွေကူးသန်းရောက်ဝယ်ဖို့အတွက် ပိတ်ပင်ခဲ့သေးပြီး ဇူလိုင်(၁၁)ရက်က စတင်ကာ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ကူးတို့ဆိပ်အားလုံးကို သွားလာမှုမပြုလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်ခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

သတင်း

ကော်ဘရာ စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ပြုလုပ်နေဆဲ ဖြစ်သည်ဟု အသိပေးထားပြီး တိုက်ပွဲအတွင်း ကော်ဘရာ စစ်သည် ၃ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

သတင်း

ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းမှုပြုလုပ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။