Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်မြို့တွင်စစ်တပ်ဂိတ်နှင့် ရဲစခန်းတို့၌ဗုံးကွဲ

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

မိုးမိတ်မြို့
မိုးမိတ်မြို့

မိုးမိတ်ခရိုင်အတွင်းစစ်ဆေးရေးအတင်းကျပ်ဆုံးဖြစ်သည့် စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်းယ​နေ့မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

မိုးမိတ်မြို့ဝင်ဂိတ်အနီး တည်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း-ခလရ ၂၂၃ ဂိတ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းတွင်ယနေ့(ဇူလိုင် ၁၃ရက်)နေ့လယ် ၁ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“မြို့အဝင်အထွက် အစစ်ဆေးအကြမ်းဆုံးစစ်တပ်ဂိတ်မှာ ​ပေါက်ကွဲတယ်။ မြို့မရဲစခန်းလည်း ပေါက်ကွဲတယ်။ ထိခိုက်မှုရှိ၊မရှိတော့ ကျွန်တော်တို့ မသိရဘူး။ လူငယ်တွေ(PDF ရဲဘော်များ)လာလုပ်တာလို့တော့ထင်တယ်” ဟုမြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် မြို့ခံလူငယ် သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

မိုးမိတ်ခရိုင်ထွေအုပ်ရုံးတွင် ဇူလိုင် ၁၁ ရက်ကလည်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် တစ်ရက်သာခြားပြီး စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။မိုးမိတ်ခရိုင်ထွေအုပ်ရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။

Non CDM ဝန်ထမ်းများအကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ နှုတ်ထွက်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုလှုံကြရန် မိုးမိတ်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် PDF အမှတ်(၁ )စစ်​ဒေသ အမှတ် ၅၁၅ PDF တပ်ရင်းက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယ​နေ့ ညနေ ၃ နာရီ ၄၀မိနစ်ခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့်လေးချက်ပစ်ပြီးနောက် ဗုံးဖြင့်ပစ်ခဲ့သော်လည်း မပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်း

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး (၁၂၀ မမ)နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွတွေက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဆီကနေ တာဝေးပစ် လက်နက်ကြီး စနစ်တွေ လက်ခံ ရရှိလာတဲ့နောက် စိတ်ဓာတ်ရေးရာ တက်ကြွနေပေမယ့် အရေအတွက် အနေနဲ့တော့ မျှော်လင့်ထားသလောက် မရသေးဘူးလို့လည်း သိရပါတယ်။