Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်သား ၅ဦး​သေ​ခဲ့သော ဗန်း​မောက်မြို့နယ်တိုက်ပွဲတွင်ဖမ်းဆီးရမိ​သောစစ်သား ၅ ဦးဓါတ်ပုံကိုထုတ်ပြန်

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(KIAနှင့် PDF ပူး​ပေါင်းတပ်ကဖမ်းဆီးရမိထား​သောစစ်သုံပန်း ၅ ဦး ။ဓါတ်ပုံ- BR)
(KIAနှင့် PDF ပူး​ပေါင်းတပ်ကဖမ်းဆီးရမိထား​သောစစ်သုံပန်း ၅ ဦး ။ဓါတ်ပုံ- BR)

ဗန်း​မောက်မြို့နယ်တွင် ဇွန်လကုန်ပိုင်းကစစ်​ကောင်စီတပ်နှင့် KIA၊ PDF ပူး​ပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်မှ ၅ ဦး​သေဆုံးခဲ့ပြီး ၅ ဦးအရှင်ဖမ်းမိကာ ဖမ်းဆီးရမိ​သောစစ်သား ၅ ဦး၏ဓါတ်ပုံကို​ဗန်း​မောက်​တော်လှန်​ရေးအင်အားစုက ထုတ်ပြန်လိုက်သည်။

ဇွန် ၂၈ ညပိုင်းနှင့် ဇွန် ၂၉ မနက်ပိုင်းတွင် စီးမော် – သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များအား ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA၊PDF ကသာတပ်ရင်း ၂ (ဗန်းမောက် PDF+အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး​သေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့​ကြောင်းထုတ်ပြန်ထားသည်။ KIA ၊PDF ပူး​ပေါင်းတပ်များဘက်မှ ထိခိုက်မှု တစုံတရာမရှိခဲ့ဟု​သိရသည်။

ဗန်း​မောက်မြို့နယ်အတွင်းဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်​ကောင်စီတပ်မှ ရှမ်းနီတပ်ဖွဲ့ (SNA)ပါဝသ်တိုက်ခိုက်​ပေး​​​သောတိုက်ပွဲများလည်းရှိ​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများထိခိုက်သေဆုံးမှု အခြေအနေကို မကြားရသေးကြောင်း၊ မရကန် ဒေသခံများ အပါအဝင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

သတင်း

"ပြည်သူကိုဒုက္ခပေးလာမယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ရပါလိမ့်မယ်၊တအားခက်ခဲနေရင် ကျွန်တော်တို့ ခေါ်ထားမယ်၊စောင့်ရှောက်ပေးပါမယ်"ဟု Young Force(UG)ကဖော်ပြသည်။