Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြေးနီများသယ်ယူသည့် ယာဥ်တန်းဖြတ်မည့်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီကလုံခြုံရေးအပြည့်ယူထား၍ ပြည်သူများသတိထားရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေး

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။

People's Spring
People's Spring

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများသယ်ယူသည့် ယာဥ်တန်းဖြတ်မည့် မုံရွာ – ပုသိမ်လမ်းပိုင်းတစ်လျှောက် စစ်ကောင် စီက လုံခြုံရေးအပြည့်ယူထား၍ ခရီးသွားပြည်သူများ သတ်ိထားကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတိပေးသည်။

” ရွှေတောင်ဦးနဲ့ ဝမ်ပေါင်အထိကို စစ်ခွေးတွေ ပိတ်ချလိုက်ပြီ။ လမ်းဘေးဝဲယာတွေ စစ်ကြောင်းထိုးပြီး ပစ်ခတ်တတ်တဲ့အတွက် ဒေသခံတွေအတွက် စိတ်ပူနေရတယ်။ ဘယ်သူမှ မထွက်ကြဖို့လိုတယ်”ဟု ယင်းမာပင်အခြေစိုက် လူငယ်ကာကွယ်ရေးအဖွဲ့ဖြစ်သော သူ့ကျွန်မခံမြွေဆိုးတစ်သိုက်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။

“ပုသိမ်-မုံရွာ လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီကျွန်သဘောက် စစ်​ေွးများ လုံခြုံရေးအပြည့်အဝယူထားပါသည်။ ခရီးသွား၊မိဘပြည်သူများသတိထား သွားလာကြပါရန် အသိပေးအကြောင်းကြားအပ်ပါ သည်”ဟု ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးချက် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။

သတင်း

ဗန်းမောက်တောင်ပိုင်းတွင် ဇူလိုင် ၁၂ရက်နှင့် ၁၃ရက်က စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။