Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်သပိတ်မှ ၈ ဦးစစ်​ကောင်စီကဖမ်းဆီး၍ စစ်တပ်ဗျူဟာကုန်းစစ်​ကြော​ရေးတွင်စစ်​ဆေး​နေ

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

(ဇူလိုင်လဆန်းပိုင်းတွင်ဖားကန့်၌ဆန္ဒထုတ်​ဖော်​နေကြစဥ်။ ဓါတ်ပုံ-ဖားကန့်သပိတ်စစ်​ကြောင်း)
(ဇူလိုင်လဆန်းပိုင်းတွင်ဖားကန့်၌ဆန္ဒထုတ်​ဖော်​နေကြစဥ်။ ဓါတ်ပုံ-ဖားကန့်သပိတ်စစ်​ကြောင်း)

ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်တပ်ဗျုဟာကုန်းစစ်ကြောရေးတွင် စစ်ဆေးနေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဖားကန့်ကျောက်တူးဖော်ရေးမှော်များအတွင်း နေ့စဥ်လှည့်လည်နေသည့် လူထုသပိတ်မှ ရှစ်ဦးကို ယမန်နေ့(ဇူလိုင် ၁၃ရက်)နေ့လယ်ကဖမ်းဆီးခံရခြင်းဖြစ်သည်။

“သပိတ်ပြီးလို့ လူစုခွဲချိန်မှာ ကျွန်တော်တို့လူတွေရဲ့ ကားရှေ့ကို ကားအနက်ကြီး ဖြတ်ဝင်ပိတ်ပြီးဖမ်းတာ။ သတိထားတဲ့ကြားထဲက တစ်ချက်ပေါ့သွားတာ”ဟု ဖားကန့်လူထုသပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူ ရှစ်ဦးစလုံးကို စစ်တပ်ဗျူဟာကုန်းတွင် စစ်ဆေးနေပြီး သတင်းတစုံတရာ မကြားရသေးကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးကပြောသည်။

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

“သပိတ်စစ်ကြောင်း ယာယီခဏနားထားတယ်။ကျွန်တော်တို့ အခြေအနေ စောင့်ကြည့်နေပါတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ဖားကန့်တွင် ရဲအုပ်တစ်ဦး အပါအဝင် ရဲခုနှစ်ဦးကိုသေနတ်များနှင့်အတူ KIA ၊ PDF ပူးပေါင်းတပ်က ဇူလိုင် ၅ရက်တွင် ဖမ်းဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်္ကုက္ကားရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ဇွန်လ ၁၄ ရက်ကလည်း တန့်ဆည် PDF နှင့် မဟာမိတ်အဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

ဝမ်ပေါင်ကုမ္မဏီမှ ကြေးနီများကို ၁၂ဘီးကား ၁၅စီးဖြင့် သယ်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂မိုင်ခန့်ရှည်သည့် ရွှေတောင်ဦးနှင့် ဝမ်ပေါင်လမ်းကို ယနေ့(ဇူလိုင် ၁၄ရက်)တွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြော သည်။

သတင်း

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇူလိုင် ၁၁ရက်အထိကျေးရွာ ၂၆ရွာမှ နေအိမ် ၅၆၂လုံး မီးလောင်ပြာကျခဲ့သည်။