Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဂ္ဂလိကပြည်ပအ​ကြွေးများကို​ လတ်တ​​​​လောမဆပ်ကြရန် စစ်​ကောင်စီဗဟိုဘဏ်ညွှန်ကြား

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်
အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်

●ပြည်ပအ​ကြွေးမဆပ်ကြ​သေးရန်ညွန်ကြားမှုမျိုးယခင်မကြုံဖူးဟု လုပ်ငန်းရှင်များ​ပြော၊ ၁၉၈၈​​နောက်ပိုင်းပထမဆုံးဖြစ်

ပြည်တွင်းနေပြည်သူများ၏ပြည်ပကြွေးမြီများကိုလတ်တလောပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် ရက်စွဲဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့်ပြည်ပကြွေးမြီများ၏အတိုးနှင့်အရင်းများကို ပြန်လည်ပေးဆပ်ခြင်းကို လတ်တလော ဆောင်ရွက်ခြင်းမပြုရဟု စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ဆိုင်းငံ့ရန် ဘဏ်များအနေဖြင့် ပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို အကြွေးရှင်များဖြစ်သည့် ပြည်ပကုမ္ပဏီနှင့်အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်
စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက် စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်

ထိုအပြင်လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထပ်ဆင့်အကြောင်းကြားပေးမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုထားသည်။

“ရှင်းရှင်းပြောရရင် ပြည်ပအကြွေးတွေကိုမဆပ်ခိုင်းတာပေါ့။ အစိုးရတော့မသိဘူး။ပုဂ္ဂလိကလုပ်ငန်းတွေကိုမဆပ်ခိုင်းတာ။ ဒါကကုမ္ပဏီတွေအတွက်ပြသာနာရှိတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာရှားပါးလာခြင်းကြောင့် ယခုလို ပုဂ္ဂလိက လုပ်ငန်းများကိုအကြွေးမဆပ်ရန်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ထိုလုပ်ရပ်သည် ပြည်တွင်းကုမ္ပဏီများကို ပြည်ပချေးငွေပေးသည့် ကုမ္ပဏီများက ကယုံကြည်မှုပျက်ယွင်းသွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ပုဂ္ဂလိကကို အ​ကြွေးမဆပ်ရန် အစိုးရဟုအမည်ခံထား​​​သောအဖွဲ့အစည်းကညွှန်ကြားသည်မျိုးယခင်က မကြုံဖူး​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ပြည်ပမြီရှင်များကို ပုဂ္ဂလိကပြည်တွင်းလုပ်ငန်းရှင်များက ​ကြွေးမြီမ​ပေးဆပ်နိုင်ခြင်းသည် ၁၉၈၈​နောက်ပိုင်းတွင်ပထမဦးဆုံးဖြစ်သည်။

မြန်မာသမိုင်းတွင် ပြည်ပ​​ကြွေးမြီများပြန်လည်မ​ပေးဆပ်နိုင်​တော့​ကြောင့် ၁၉၈၇ခုနှစ်တွင် LDC(ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ) အဖြစ် အာဏာရှင်ဟောင်းဗိုလ်ချုပ်နေဝင်းလက်ထက်တွင်သတ်မှတ်ခံခဲ့ဖူးသည်။

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထူးကွန်မန်ဒို တပ်သား ၁၀၀ အတွက် လိုအပ်သည့်ပစ္စည်းများတပ်ဆင်ရန် ခန့်မှန်းကုန်ကျငွေ မှာဒေါ်လာလေးသိန်းရှိမည်ဖြစ်သောကြောင့် ဇွန်လကစ၍ ပြည်တွင်း၊ပြည်ပမှပြည်သူများ၏ ထောက်ပံ့မှုကို MRDA ကမေတ္တာရပ်ခံသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။